အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မြန်မာ ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာ နိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးပို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ/အကြောင်းကြားစာ၌ အမေရိကန်သည် မြန်မာနှင့်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု လိုငွေပြလျက်ရှိသော်လည်း ကုန်သွယ်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှတမှုရှိသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် မည်သည့်ပို့ကုန်အမျိုးအစားမဆို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများက အမေရိကန်နိုင်ငံအတွင်း စက်မှုလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မှုနှင့် ကုန်သွယ်ခွန်အတွက် ညှိနှိုင်းနိုင်မှုတို့ကို ဖော်ပြထားကြောင်း သတင်းရရှိသည်။