news

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များကို ဦးတည် ဖမ်းဆီးမှုများလုပ်ဆောင်နေသဖြင့် ယနေ့မြို့ပေါ်တွင် အသွားအလာမရှိဘဲ ခြောက်ကပ် နေကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင်လည်း ဖမ်းဆီးမှုများ လုပ်ဆောင် ခဲ့ရာတွင် လူငယ်တချို့အဖမ်းခံရကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေး လမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြ သည်ဟု မဟုတ် မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်အတွင်း မီးလောင် ခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၇ လုံးနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည် ဟု မဟုတ်မှန်သတင်းများကို ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာ ကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းအနီးတို့၌ ခရီးသွားပြည်သူ အချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်နေကြောင်း သတင်းတု၊ သတင်းအမှား များကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၁ ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ခရီးသွားပြည်သူ ၄၀ ဦးခန့် စစ်ဆေးမေးမြန်းရန်ဖမ်းဆီးခဲ့သည်ဟူ၍ လည်းကောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ညနေ ၃ နာရီ ခန့်မှစ၍   လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိ သည်ဟူ၍လည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှား များကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

                 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း တွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

              တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဖေဖော်ဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထွန်းမြင့် ဦးစီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုသရေးဆေးအဖွဲ့က မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက် ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။       မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၃ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ အငြိမ်းစားဝန်ထမ်း ဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၉၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူ့စစ်မှု ထမ်း ဥပဒေအာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း  အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာကတော့ ယခုမှ အသစ်ပြ ဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်က တည်ကတိုင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင် ဘာလထဲမှာ ဥပဒေအမှတ် ( ၂၇ / ၂၀၁၀ ) နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပေဒေ ကို ပြင်ဆင်ပြီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းပြင်းအားဖြင့် ပြောရမယ်ဆို ရင်တော့ ပြည်သူ့စစ်မှုထမ်း ဥပဒေမ