နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက် စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု နှင့် စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံ၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်များ၏ စွမ်း ဆောင်နိုင်ရည်၊ ကရုန်းသားရေ၊ ဆိုးလ်သားရေနှင့် ဆိတ်သားရေ တို့အား တစ်နှစ်လျင် သားရေကုန်ကြမ်းထုတ်လုပ်ပေးနိုင်မှုနှင့်ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်၊ စက်ရုံဝန်ထမ်း များအတွက် သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ ဝတ်ရေးအတွက် အဆင်ပြေမှုရှိစေရေး တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ် အထည်၊ အသုံးအဆောင်များဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ တွင်လည်း အစိုးရများ အနေဖြင့် တပ်မတော်သားများ၏ဝတ်ရေးနှင့် ပတ်သက်၍ စီမံဆောင်ရွက်ပေးမှုများရှိကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်သား အားလုံး၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အရည်အသွေးမြင့်ကုန်ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ကောင်းရုံဖြင့်မရဘဲ လက်ရာများလည်း ကောင်းရန်လို အပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားရေစက်ရုံ (မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန် ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍ မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ် ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပုဂ္ဂလိက သားရေအချောထည်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သားရေကုန် ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ သားရေထုတ်လုပ်မှုနည်းစဉ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွား ရန်လိုကြောင်း၊ ဖိနပ်လုပ်ငန်းအတွက်လိုအပ်သည့် သားရေများအပြင် အခြားလုပ်ငန်း သုံးသားရေပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက်လည်း အရည်အသွေးမြင့် သားရေ များထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း နှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အတွင်းလှည့်လည်၍ သားရေ ရေစို ဌာန၊ သားရေ အချောကိုင်ဌာန၊ သားရေ ဆိုးလ်ဌာန တို့အတွင်း သားရေကုန်ကြမ်း ထုတ်လုပ်နေမှုအဆင့်ဆင့်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြသထားသည့် တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)မှထုတ် လုပ်ထားရှိသော သားရေကုန်ကြမ်းများအား ကြည့်ရှုကာ လိုအပ်သည်များလမ်းညွှန်မှာ ကြားပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။