မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရွှေစေတီ ဘာသန္တရသင်တန်းကျောင်း၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ အရှေ့မှန်ကျောင်း ကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက်နှင့် ပထမမဟာဂန္ဓာရုံ ကျောင်းတိုက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက် အအုံများကို လည်းကောင်း၊ ပိုးတန်းရပ်ကွက်နှင့် စိန်ကုန်ရပ်ကွက်တို့ရှိ လူနေ အဆောက်အအုံ အပျက်အစီးများကို လည်းကောင်း စက်ယန္တာရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး လုပ်အားပေးဆောင်ရွက် နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ပဲတို့အား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီများနှင့် ကျောင်းသား/သူများအား တပ်မတော်ဆေး ကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရွှေကြက်ယက် ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး သွားသောဘုရားစေတီအပျက်အစီးများ၊ သာသနိကအဆောက်အအုံ အပျက်အစီးများ နှင့် စေတီတော်ကြီးပတ်ဝန်းကျင်ရှိ ချုံနွယ် ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့အား တပ်မတော်သားများနှင့် အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ စေတီတော်ရှိ ကျောက်စာရုံအား ပြန်လည်ပြုပြင်နေသည့် အခြေအနေများအား လည်းကောင်း၊ ထီးတော်ကြီးအား ပြုပြင်မွန်းမံရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအ နေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ်ကွက်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှု့စစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ လျှပ်စစ်မီး ကြိုးများအား စနစ်တကျကြိုတင်ရှင်းလင်း ဆောင်ရွက်နိုင်ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။