မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် ၁၀

Thursday, July 10, 2025 - 16:45

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော NISSAN ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါသံပိုက်လုံး ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း (၎င်းဒေသ ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၇ ဘီလီယံ)  ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ စိန်ကျော်ဝင်း အား ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။