PDF အမည်ခံအကြမ်းဖက်သမားများက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်
နေပြည်တော်၊ မတ် - ၈
CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ် တလန့်ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း, အပြစ်မဲ့ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်း၊ မြို့ရွာများတွင် တက္ကသိုလ် များ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်း များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။












































































































































































































































