ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏အန္တရာယ်ကို ကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ၃ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ နိုဝင်ဘာလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ အန္တရာယ် ကိုကြောက်ရွံ၍ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်သူ ၃ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။










