တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူး
နေပြည်တော်၊ မတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

























































