ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်း၌ ဆောက်လုပ်လှူဒါန်းမည့် ခိုလမ်ဗုဒ္ဓ ကောလိပ် မြေသန့်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ ပြုလုပ်
နေပြည်တော်၊ မေ - ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်း၌ ဆောက်လုပ်လှူဒါန်းမည့် ခိုလမ်ဗုဒ္ဓကောလိပ် မြေသန့်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ လဲချားမြို့၊ ဟော်ခမ်းကျောင်း တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသုဘောဂဘိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဟော်ခမ်းကျောင်းတိုက် ဆရာ တော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များအား ရတနာအုတ်မြစ်တော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ဆက်လက်၍ သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အုတ်မြစ် တော်စီခြင်း၊ အမွှေးနံ့သာရည်များပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။