နိုင်ငံသားအဖြစ်မှရပ်စဲခြင်း
၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပ နိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားသူ (၁၁)ဦးသည် မြန်မာနိုင်ငံ၏ အကျိုးကို ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းကို ၄-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အလားတူကျူးလွန်မှုများကို ကျူးလွန်ကြောင်း ဆက်လက် စိစစ်ဖော်ထုတ်တွေ့ရှိရသည့် အောက်ပါပုဂ္ဂိုလ်များအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသား အဖြစ်မှရပ်စဲခဲ့သည်-










