နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် မေ - ၅
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာ၌ မိမိတို့အနေဖြင့်ကာလတိုအတွင်း ဖြစ်သင့် ဖြစ်ထိုက်သည်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ တိမ်းစောင်းလျက်ရှိသည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် နယ်ပယ်များကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်၍ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်လျှောက်လှမ်း နိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။
အခက်အခဲများဖြစ်ပေါ်ခဲ့မှုနှင့် ဖြေရှင်းဆောင်ရွက်ခဲ့မှု
၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအရ အခက်အခဲနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကြောင့်လည်း အခက်အခဲများဖြစ်ပေါ်ခဲကြောင်း၊ အလားတူ ပြည်တွင်း လက်နက်ကိုင် အခက်အခဲများလည်း ဖြစ်ပေါ်လာသဖြင့် အကြပ်အတည်း ၃ ခုကိုရင်ဆိုင်ဆောင်ရွက် ခဲ့ရကြောင်း၊ သို့ရာတွင်မိမိတို့နိုင်ငံကို ကောင်းမွန်စေလိုသည့်စိတ်မွေး၍ ပြည်သူလူထု နှင့် အစိုးရအဖွဲ့အဆင့်ဆင့်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့် အခက်အခဲ များကို ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မြန်မာပြည်သူလူထု၏ ကူညီလိုသည့်စိတ်၊လှူဒါန်းလိုသည့်စိတ်နှင့် ပူးပေါင်းဆောင်ရွက် လိုသည့်စိတ်များကြောင့် ကိုဗစ် - ၁၉ ဆိုင်ရာ အခက်အခဲများကို အောင်မြင်စွာ ဖြင့်ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေး အကြပ်အတည်း၊ လုံခြုံရေးဆိုင်ရာ အကြပ်အတည်းနှင့် ကိုဗစ် -၁၉ ဆိုင်ရာအကြပ် အတည်းများကြားမှ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းမှာ ပြည်သူများ၏ဆောင်ရွက်မှုနှင့် ဒေသအလိုက် တာဝန်ရှိသူအဆင့်ဆင့်၏ ဆောင်ရွက်ခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူ လူထု အခက်အခဲဖြစ်ပေါ်စေရန်အတွက် ငွေကြေးသုံး၍ လက်နက်၊ ခဲယမ်း၊ မိုင်း၊ ရိက္ခာ၊ ဆေးဝါးကူညီရေး ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း။
နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဒီမိုကရေစီအခွင့်အရေး
မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီအခွင့်အရေးများရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည်လည်း နိုင်ငံသားဖြစ်သည့်အတွက် ဒီမိုကရေစီအခွင့် အရေးရှိ သော်လည်း နိုင်ငံတကာအတွေ့အကြုံများ၊ မိမိတို့နိုင်ငံ၏အတွေ့အကြုံ များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေချိန်တွင် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်အလျောက် တာဝန်ထမ်းဆောင်၍ ပြည်သူများအနေဖြင့်လည်း ပြည်သူတစ်ဦးအနေဖြင့် တိကျစွာလိုက်နာနေထိုင်မည် ဆိုပါက မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအုပ်ချုပ်ရေး ယန္တရားကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း၊ ဝန်ကြီးဌာန များအနေဖြင့် ပြည်သူလူထုမှ ဒီမိုကရေစီအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဦးဆောင်မှုပေးကြရန်လိုကြောင်း။
ပြည်တွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများမှအကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ပါဝင်ပတ်သက်နေမှု
အကြမ်းဖက်ကိစ္စများတွင် NUG မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အကြမ်းဖက်မှုကိုလိုလားသော အဖွဲ့အစည်းများ၏ အားပေး အားမြှောက်ပြုခြင်းကြောင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာခြင်းဖြစ် ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများတွင် NCA ကိုချိုးဖောက်ကာ ကျင့်ဝတ်များကို လိုက်နာမှု မရှိသည့် အချို့ EAO များပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကြောင့် နိုင်ငံ အတွင်းဆူပူဆန္ဒပြမှုများတစ်ဆင့် အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဆန္ဒပြမှုနှင့်ဆူပူမှုများရှိသော်လည်း မိမိတို့နိုင်ငံတွင် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ကာ ၎င်းဖြစ်စဉ်များမှာ အချို့ EAO များနှင့် ပြည်ပအဖွဲ့အစည်းများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ ကို PDF အကြမ်းဖက်များက လုပ်ဆောင် လာခြင်းဖြစ်ကြောင်း၊ အချို့သောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအတွက် လိုအပ်သည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို ထောက်ပံ့နေသည်ကိုတွေ့ရှိရပြီး အချို့ကိုဖော် ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဖြစ်စဉ်ကို အသုံးချ၍ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ အချို့အဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို လက်ခံမှုမရှိသည်ကိုတွေ့ရှိရ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြား ရာတွင် “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ အဲ့တော့ စိန်ရတု ပြည်ထောင်စုနေ့ကနေပြီးတော့ လာမယ့် ဇန်နဝါရီ ၄ ရက်ဆိုရင် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်လာပြီ။ ၁၉၄၇ က စာချုပ်ချုပ်ခဲ့တဲ့ ပင်လုံစာချုပ်အရဖြစ်လာတဲ့ ပြည်ထောင်စုနေ့။ ဒီအပေါ်မှာ အဓိပ္ပါယ်အမျိုးမျိုးဖွဲ့ဆိုပြီးတော့မှ တောင်းဆိုချက် အမျိုးမျိုးကြောင့် ဖြစ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဟာ ၇၅ နှစ်တာကာလ ရောက်လာပြီ။ ဒီလိုပဲ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ။ စတာတော့ နိုင်ငံရေးသဘောထားကွဲလွဲမှု၊ ဒါ ကွန်မြူနစ်ကနေပြီးတော့ လွတ်လပ်ရေးဆိုတာ တိုက်မှ ရတယ်ဆိုတာ။ အဲ့ဒါကနေပြီးတော့ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တောခိုတာက စပြီးတော့ ကွန်မြူနစ်လက်နက်ကိုင်ပဋိပက္ခကနေ စခဲ့တာသည် ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်လာခဲ့တာ။ အဲ့ဒီမှာ နောက်တစ်ခါ တိုင်းရင်းသားရေးရာ အခြေအနေတွေ ဆိုးလာတဲ့အခါမှာ နောက်ဆုံး တပ်မတော်မှာရှိတဲ့ အဖွဲ့အစည်းတွေ တောင်မှ တချို့တောခိုတဲ့အဆင့်ရောက်လာတယ်။ တာဝန်ရှိတဲ့သူတွေ ကျွန်တော်တို့ အနားပေးခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီရဲ့ ဇစ်မြစ်က ခုထိကျွန်တော်တို့ အကင်းမသေ သေးပါဘူး၊ ဒါကိုကျွန်တော်တို့က ဖြေရှင်းနိုင်ဖို့အတွက် ခေတ်အဆက်ဆက်လည်း ကြိုးစားခဲ့တယ်။ ဦးနုလည်း သူ နိုင်ငံရေးတာဝန်ယူတဲ့အချိန်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေ လုပ်ခဲ့တာတွေရှိတယ်။ အောင်မြင်တာတွေ ရှိသလို၊ မအောင်မြင် တာတွေလည်း ရှိတယ်။ လူတွေ ထောင်နဲ့ချီပြီး လက်နက်စွန့်လွှတ်ခဲ့တာတွေလည်းရှိ တယ်။ ဒါတွေကို မှတ်တမ်းထဲမှာ ပြန်ကြည့်လို့ရှိရင် တွေ့ပါလိမ့်မယ်။ အဲ့ဒီတော့ ဗိုလ်ချုပ်ကြီး နေဝင်းတို့ တာဝန်ယူတဲ့ အချိန်မှာလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ ထင်ရှားတဲ့၊ သမိုင်းမှာ ပုံလေးတစ်ပုံ ရှိပါတယ်။ သူတို့ “ကျောခိုင်း သွားကြလေပြီ” ဆိုတဲ့ ပုံလေးနဲ့ ပေါက်ခေါင်းဘက်မှာ ဗကပ တွေ ချောင်းကိုဖြတ်ပြီး ပြန်ထွက်သွားတဲ့ပုံက သမိုင်းမှာ အင်မတန်ထင်ရှားတဲ့ သာဓက တစ်ခုဖြစ်ခဲ့တယ်။ အဲ့ဒီတော့ မူဆိုး စောဟန်သာမွှေး ဦးဆောင်တဲ့ KNC အဖွဲ့နဲ့ပဲ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးနိုင်ခဲ့ပါတယ်။ ဒါ တော်လှန်ရေးကောင်စီ၊ ပြီးလို့ရှိရင် ကျွန်တော်တို့ လမ်းစဉ်ပါတီ ခေတ်မှာလည်း ဦးနေဝင်းတို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အများကြီး ကမ်းလှမ်းခဲ့တာ ရှိ တယ်။ မအောင်မြင်ခဲ့ပါဘူး။ တပ်မတော်အစိုးရတက်တဲ့အချိန်မှာတော့ ၁၉၈၉ မှာ ကျွန်တော်တို့က တစ်နိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်း ရေးအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်လိုက်တယ်။ စာချုပ်မချုပ်နိုင်ဘူး၊ Gentlemen aggrement တွေပဲ ယူခဲ့တာ။ UWSA “ဝ”အဖွဲ့တို့ မိုင်းလားအဖွဲ့တို့၊ ဟိုဘက်က ဦးစခုံတိန့်ယိမ်း တို့ အထူးဒေသ ၁ တို့၊ ၂ တို့၊ ၃ တို့ ဒါတွေ အများကြီး ရှိခဲ့တယ်။ ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်ခဲ့ဘူး၊ ဒီဘက်ခေတ်မှာ ကျွန်တော်တို့က ၂၀၁၅ ခုနှစ်မှာ၊ ဦးသိန်းစိန်တို့ လက်ထက်မှာ NCA စာချုပ်ချုပ်တဲ့အထိ ကျွန်တော်တို့ ရောက်လာခဲ့တယ်။ လုံးလုံး လျားလျားပြီးလားဆိုတော့ မပြီးပါဘူး။ ၂၀၁၆ ကနေပြီးတော့ ၂၀၂၀ ထိမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု)ပင်လုံ လုပ်ခဲ့ပါတယ်။ လာမယ့် လွတ်လပ်ရေးနေ့ဟာ စိန်ရတုဖြစ်လာပြီ၊ ကျွန်တာ်တို့ ခုထိ တိုင်းပြည်လည်း မငြိမ်းချမ်း ဘူး၊ ဒီမိုကရေစီအခွင့်အရေးကလည်း မခံစားရဘူး၊ လွတ်လပ်ရေးရဲ့ အသီးအပွင့်လည်း မခံစားရဘူး၊ ဒီလိုဖြစ်တဲ့အချိန်မှာ ဒါကြောင့် ကျွန်တော် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ် ရအောင် ကြိုးစားကြည့်မယ်ဆိုပြီးတော့ မနှစ်ကစပြီး ပြောခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေ ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးတစ်ခု ဖိတ်ခေါ်လိုက်ပြီဆိုလိုရှိရင် သူတို့ တိုင်ပင်ပါရစေဦး၊ ဟိုလူက တစ်မျိုး၊ ဒီလူက တစ်မျိုးနဲ့ ပေါ့၊ အဖွဲ့အစည်းအတွင်းမှာလည်း အမျိုးမျိုးပေါ့လေ၊ ခေါင်းဆောင်က တစ်မျိုး၊ အဖွဲ့ ဝင်က တစ်မျိုး၊ ဒီလိုဖြစ်နေကြတယ်။ တချို့ကျတော့လည်း လက်ခံတဲ့အဖွဲ့အစည်းလည်း ရှိပါတယ်။ ကျွန်တော်တို့တော့ ဘယ်သူ့ သတင်းပို့ဖို့ လိုပါသေးတယ်။ ဘယ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ရှိဖို့လိုပါသေးတယ် စသည်ဖြင့် ဒီလိုမျိုး မျိုးစုံရှိနေတော့၊ ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့ ကျွန်တော် ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်၊ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် ကျွန်တော်တွေ့ပါမယ်၊ တစ်ဖွဲ့ချင်း ကျွန်တော် တွေ့မယ်၊ ခေါင်းဆောင်တွေကိုယ်တိုင် တစ်ဖွဲ့ချင်းတွေ့ပါမယ်။ အဲ့ဒီခေါင်းဆောင်တွေ လာတဲ့ အခါမှာလည်း တိုင်ပင်လို့ရအောင် အဖွဲ့ဝင်နှစ်ယောက်နဲ့ လာခဲ့ပါ။ ကျွန်တော်နဲ့ ပထမဦးဆုံး ကျွန်တော် စတွေ့မယ်၊ တွေ့ပြီးလို့ရှိရင် ကျွန်တော်က နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်း ဆွေးနွေးပြီး အဲ့ဒီအပေါ်မှာ သူတို့ ရအောင် ကျွန်တော်တို့ ရှင်းလင်းပြောမှာပေါ့။ သူတို့လိုချင်တာကိုလည်း ကျွန်တော်တို့ တတ်နိုင် သလောက် ညှိနှိုင်းဆောင်ရွက်မှာပါ။ ဒါကတော့ တစ်ဖက်တည်းကနေပြီးတော့ တင်းနေ လို့ မရပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းဖြေရှင်းရမှာပါ။ သို့သော်လည်းပဲ ကျွန်တော်တို့သည် တစ် အချက်က ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာတော့ ကျွန်တော်တို့က ဖြစ်အောင် သွားရမယ်။ ကျွန်တော်တို့သွားချင်တာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီနိုင်ငံ တော်သွားချင်တာ။ ဒါ ပြည်သူတစ်ရပ်လုံးက လိုချင်တဲ့ဆန္ဒပဲ။
အဲ့ဒီတော့ ပြန်ကြည့်လို့ရှိရင်လည်း ကျွန်တော်တို့ အုပ်ချုပ်မှု ပုံစံသည် ဆင့်ကဲ ဆင့်ကဲ အုပ်ချုပ်မှု၊ ခွဲဝေပေးတဲ့ အုပ်ချုပ်မှုစနစ်ပုံစံ မျိုးနီးပါး ပဲ လုပ်တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖက်ဒရယ် အုပ်ချုပ်မှုစနစ်ကို သွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ ရတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သေချာ နားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့ဘယ်လိုဖြစ်ချင်တာလဲ၊ ကျွန်တော်တို့က ဘယ်လို၊ တိုင်းပြည်အခြေအနေ ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊ တွေ့ကြမယ်။ သူတို့ ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံး၊ နားထောင်ပြီးရင်လည်း ဖြစ်သင့် ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘဝနဲ့ ဒီလိုပြန်ပြီးတော့ ကြည့်ရမယ်။ ဒါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး။ ဒါကြောင့် ကျွန်တော်ကမ်းလှမ်းထားတာရှိပါတယ်။
တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နေရန်လိုအပ်မှု
ကမ္ဘာကြီး၏ တိုးတက်မှုသည် (Moving Forward) ဖြင့် သွားနေခြင်းဖြစ်ပြီး မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်း ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံအချို့တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကျဆင်းခဲ့သော်လည်း မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဖြင့် ထုတ်ကုန်များကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့မှအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေရှိစေရေး အတွက်ရှိပြီးသား မြေပေါ်မြေအောက်သယံဇာတများနှင့် လူသား အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို အခြေခံဆောင်ရွက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ရောင်းချနိုင်ရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ အခြေခံကုန်ထုတ်လုပ်မှု လုပ်ငန်းပင်ဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရန် လိုအပ်မှု
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်သည်မရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီး ယခင်နှစ်များတွင်သာမက ယခုနှစ်တွင်လည်း လျှပ်စစ်လိုအပ်ချက်များရှိခဲ့ကြောင်း၊ အဓိကအားဖြင့် သွင်းအားစုများဖြစ်သည့် ဒီဇယ်၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့များ ရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်လာမှုများကြောင့်ဖြစ်ကြောင်း၊ အဆိုပါ အခက်အခဲ များကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်မှု
မိမိတို့နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိသော်လည်း လုပ်ငန်းများ အပြည့်အဝဆောင်ရွက်မှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် အသားတင် စိုက်ဧက ၃၃ သန်းကျော်ရှိသော်လည်း သီးထပ်သီးနှံစိုက်ပျိုးခြင်း နည်းပါးပြီး တစ်ရာသီ သာစိုက်ပျိုးသည့် မြေဧကများပိုမိုများပြားကြောင်း၊ မြေသယံဇာတများကို သီးထပ် သီးနှံများ စိုက်ပျိုးနိုင်မည်ဆိုပါက ထုတ်ကုန်နှစ်ဆတိုးတက် လာမည်ဖြစ်ကြောင်း၊ အဓိကသီးနှံဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ တစ်ရာသီသာစိုက်ပျိုးသည့် မြေနေရာများတွင် ဆီထွက်သီးနှံများကို သီးထပ်အနေဖြင့် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်း ဆီလိုအပ်မှုကို များစွာအထောက်အကူပြုနိုင် မည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက်လိုအပ်သည့် ရေနှင့် သွင်းအားစုများရရှိအောင်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် အချို့ထုတ်ကုန်ပစ္စည်းများသည် တိရစ္ဆာန် အစားအစာများ ပြန်လည်ရရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အပြန်အလှန် အကျိုးပြုမည် ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာမည် ဖြစ်ကြောင်း။
ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရန်လိုအပ်မှု
မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ အမျိုးသမီးလူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ၅၃ ရာခိုင်နှုန်း ရှိပြီး ၈၀ ရာခိုင် နှုန်းခန့်သည် မှီခိုများဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ အမျိုးသားများတွင်လည်း စိုက်ပျိုး ရာသီချိန်ပြင်ပ၌ အခြားလုပ်ငန်းဆောင်ရွက်သူများနည်းပါးသည့်အတွက် လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးလျက်ရှိကြောင်း၊ ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး အစိုးရမှဖန်တီးပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် တက္ကသိုလ်မှ ဘွဲ့ရပြီးသူ ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါတက္ကသိုလ်ဘွဲ့ရပြီးသူများအနေဖြင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် အလယ်အလတ်လုပ်ငန်းများတွင် တတ်မြောက်ထားသည့် ပညာနှင့်လျော်ညီစွာ ပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကို နိုင်ငံအနှံ့အပြား၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဆိုပါက ပြည်ပသို့သွားရောက် လုပ်ကိုင်မှုများ နည်းပါးသွားမည်ဖြစ်ပြီး နိုင်ငံအတွက် လုပ်အား ဆုံးရှုံးမှုများနည်းပါး သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံမှစ၍ ဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
ပြည်တွင်းစီးပွားရေးတိုးတက်အောင်ဆောင်ရွက်ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုများမြှင့်တင်ရန်လိုအပ်မှု
မိမိတို့အနေဖြင့် ယခုအခါကုန်သွယ်မှုပိုငွေပြနေသည်မှာ ၉ လရှိပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်း၌ထုတ်လုပ်မှုထက် ပြည်ပမှတင်သွင်းမှုများကို ဦးစားပေးဆောင်ရွက်ခဲ့မှုအတွက် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အစိုးရ အဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် ဝင်ငွေများရရှိရေး၊ အခွန်အခများအားလုံး မှန်မှန်ကန်ကန်ရရှိရေး၊ နိုင်ငံပိုင်လုပ်ငန်းများ အောင်မြင်မှုရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ နိုင်ငံတော်မှ ထိုက်သင့်သည့်ဝင်ငွေများရှိမှသာ ပြည်သူများ၏ အကျိုးအတွက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် ဝင်ငွေနှင့်ထွက်ငွေ မျှတအောင် ဆောင်ရွက်ရန်လည်းလိုကြောင်း၊ ပြောင်းလဲ နေသည့် ခေတ်နှင့်လိုက်လျောညီထွေဖြစ်စေရန်အတွက် ပြည်သူများ၏ လူနေမှုစနစ် များမြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေများနှင့် သံမဏိများ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုတွင် ဘိလပ်မြေနှင့် သံမဏိများ ထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းများ များစွာရှိသဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုင်းရင်းသားလုပ်ငန်းရှင်များဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ခြင်းဖြင့် ပြည်ပမှတင်သွင်းမှုများ လျှော့ချနိုင်ပြီး ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သဖြင့် လူနေမှုစနစ်များ ပြောင်းလဲ သွားမည်ဖြစ်ကြောင်း၊ အလားတူသွပ်ပြား ထုတ်လုပ်မှုကိုလည်း ပြည်တွင်း၌ ဆောင်ရွက်၍ရနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်တွင်း၌လိုအပ်သည့် ကော်စေ့၊ ရာဘာနှင့် ကတ္တရာကဲ့သို့ ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်၍ ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အတွက် တာဝန်ရှိသဖြင့် ချင့်ချိန်ဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရန်လိုအပ်မှု
အခြေခံပညာကျောင်းများ အောင်စာရင်းထွက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း သည်လည်း သတ်မှတ်ကာလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း၊ ၎င်းအပြင် သတ်မှတ်ကာလအတွင်း အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့်ပညာသင်နှစ်အတွင်း ပညာရေးကိုအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပညာရေးအရအားနည်း ခဲ့သည်များရှိကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးခန့်သည် ပညာရေးအား နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ထားကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ပညာရေးဝန်ကြီးဌာနသာမက အခြားဝန်ကြီးဌာနများမှလည်း ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်လိုကြောင်း။
လုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရန်လိုအပ်မှု
လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် လူမှုဆက်ဆံရေးသည် အရေးကြီး ကြောင်း၊ တိုင်းပြည်နှင့်ပြည်သူကိုကိုယ်စားပြုသည့် အစိုးရတစ်ရပ် အဖြစ်ခံယူ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သော အစိုးရဝန်ထမ်းများ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရန်အတွက် ကြပ်မတ်ဆောင်ရွက် ပေးရန်လိုကြောင်း၊ လုပ်ငန်းများအောင်မြင်မှုရရှိရေး မိမိလက်အောက်မှ လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သည့် ခေါင်းဆောင်မှု ပေးနိုင်ရန်လိုသကဲ့သို့ တည်တည်ကြည်ကြည်ဖြင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ မဖြစ်ပေါ်စေရေးကိန်းဂဏန်းများ မှန်ကန်မှုရှိရန်လိုအပ်ကြောင်း၊ ပြည်သူများကို အသိပေးသင့်သည့် အချက်အလက် များကို မှန်မှန်ကန်ကန်ဖြင့် ထုတ်ပြန်ပေးရန်နှင့် အစိုးရအဖွဲ့သို့တင်ပြရာတွင်လည်း ကိန်းဂဏန်းများ မှန်ကန်မှုရှိရန်နှင့် အချက်အလက်များ မှန်ကန်မှုရှိရန်အရေးကြီး ကြောင်း၊ ကိန်းဂဏန်းနှင့် အချက်အလက်များ မှန်ကန်မှုရှိမှသာ မိမိတို့အစိုးရ၏ လုပ်ငန်းအောင်မြင်မှုအတွက် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစား စိတ်ဓာတ်သည် တိုင်းချစ် ပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်လိုသည့်စိတ် ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် အားကစားကဏ္ဍကို အားပေး ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့ လက်ရွေးစင် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲသို့တက်ရောက် ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင် သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပြန်လည်ရောက်ရှိချိန်တွင် ထိထိရောက် ရောက် ချီးမြှင့်သွားရန်လိုအပ်ကြောင်း၊ အားကစားအောင်နိုင်ရေးအတွက် လေ့ကျင့် ခြင်းသည် နိုင်ငံတော်၏အလုပ်တာဝန်ကို ထမ်းဆောင်နေခြင်းပင်ဖြစ်သည့်အတွက် တာဝန်ရှိသူများက အသိအမှတ်ပြုနေရာ ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဘဝအာမခံချက်ရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားကဏ္ဍအောင်မြင်ရေးအတွက် အားကစားသမားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားကြရန် လိုအပ်ကြောင်း။
လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ် စိတ် နည်းပါးနေသည်ကိုတွေ့ရကြောင်း၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် အချို့သောမြန်မာလူငယ်များ၊ အချို့သောပြည်ပအခြေပြု မြန်မာအသိုက်အဝန်းများ အနေဖြင့် တိုင်းချစ်ပြည် ချစ်စိတ်ကင်းမဲ့စွာဖြင့် နိုင်ငံတော်၏ပကတိအခြေအနေမှန်ကို မသိရှိဘဲ နိုင်ငံရပ်ခြားမှနေ၍ တိုင်းပြည်ပျက်စီးအောင် နည်းမျိုးစုံဖြင့်ဆောင်ရွက် နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များအကြား တိုင်းချစ်ပြည် ချစ်စိတ်ရှိရန်နှင့် ထိုမှတစ်ဆင့် မျိုးချစ်စိတ်ရှိရန်၊ မြန်မာဟူသည့်စိတ်ရှိရန် သင်ကြား၊ ဆွေးနွေး၊ လေ့ကျင့်ပေးရန် လိုအပ်ကြောင်း။
သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် လူငယ် လူရွယ်များအတွက် အကျင့်စာရိတ္တမြင့်မားရေးနှင့် ယဉ်ကျေးလိမ္မာမှုရှိစေရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ရုပ်မြင်သံကြားအစီ အစဉ်များမှလည်း ၃၈ ဖြာမင်္ဂလာပညာပေးအစီအစဉ်များကို ထုတ်လွှင့်ပြသပေးလျက် ရှိကြောင်း၊ လူငယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေး အတွက် ဦးဆောင် ပုံဖော်သူများအနေဖြင့်လည်း အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ရုပ်ရှင်၊ ဂီတနှင့် ဖျော်ဖြေပွဲများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို မထိခိုက်ဘဲ တိုင်းချစ် ပြည်ချစ်စိတ်ရှိလာအောင် အသိပညာ ပေးနိုင်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် တာဝန် ရှိသူများအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ် ကြောင်း၊ လူငယ်များ တိုင်းချစ်ပြည်ချစ်စိတ် ထားရှိမွေးမြူလာရန်မှာ တာဝန်ရှိသူများ ၏ သမာသမတ်ကျသည့် လုပ်ရပ်များအပေါ်တွင် မူတည်ပါကြောင်း။
မိမိအနေဖြင့် ပြီးခဲ့သည့် မြန်မာ့ နှစ်သစ်ကူးအခါသမယတွင် လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်ခဲ့ကြသည့် အလွှာ ပေါင်းစုံ၊ ဌာနပေါင်းစုံမှ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည့် နိုင်ငံတော်၏ သမိုင်းမှတ်တမ်း တစ်ခုလည်းဖြစ်ပါကြောင်း၊ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများကိုလည်း ၇၅ နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဖိတ်ကြားဂုဏ်ပြုသွားမည် ဖြစ် ကြောင်း၊ အလားတူ ဝန်ကြီးဌာနအလိုက် နှစ်ပေါင်းများစွာ စိတ်ရင်းစေတနာဖြင့် ဌာနအကျိုးအတွက် ဆောင်ရွက်ခဲ့ကြသူများကိုလည်း ဂုဏ်ပြုချီးမြှင့်သွားရန် လိုအပ် ကြောင်း။
နိုင်ငံတော်မှ ရသင့်ရထိုက်သော ဝင်ငွေများရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဘဏ္ဍာငွေတိုးတက်ရရှိမှသာ နိုင်ငံ့ဝန်ထမ်းများအတွက် လိုအပ်သောထောက်ပံ့မှု၊ ပံ့ပိုးမှုများနှင့် တိုင်းပြည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။