နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား  တွေ့ဆုံ အမှာစကားပြောကြား၊ မြ

Thursday, May 5, 2022 - 16:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား  တွေ့ဆုံ အမှာစကားပြောကြား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အောင်နိုင်သူ အုန်းဆန်ကြိုး ထုတ်လုပ်မှုလုပ်ငန်းများသို့သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ-၅

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။

          အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကိုကိုးကျွန်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းက ကိုကိုး ကျွန်းမြို့သမိုင်းကြောင်းနှင့်  အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြကြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က  ဒေသ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ နှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား သိရှိလို၍ ဖြစ်ကြောင်း မြို့နယ်လူထုနှင့် နိုင်ငံဝန်ထမ်းများ၏ လိုအပ်ချက်နှင့်အခက်အခဲများကို ဖြေရှင်းပေး နိုင်ရန် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြောင်း၊ ကိုကိုးကျွန်းသည် ရန်ကုန်မှ မိုင်(၂၀၀)ကျော်၊ ဟိုင်းကြီးကျွန်းမှ မိုင်(၁၀၀)ကျော် ခန့်အကွာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံချက်နေရာတွင် ရှိပြီး နိုင်ငံ၏ အနောက် တောင်အစွန်ဆုံးတွင် တည်ရှိပါကြောင်း၊ နိုင်ငံအတွက် ပထဝီအနေအထား အရ၊ လုံခြုံ ရေးအရ အရေးပါသော ကျွန်းပေါင်း ၁၂ ကျွန်းနှင့်ဖွဲ့စည်းထားသည့် ကျွန်းကြီးတစ်ကျွန်းဖြစ်ကြောင်း ၊ ကိုကိုးကျွန်းတွင် နေထိုင် သူများအနေဖြင့်လည်း ကျွန်း၏တန်ဖိုးကို သိရှိနားလည်ထားရန်လိုကြောင်း၊အလားတူ ကိုကိုး ကျွန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည်ရေခြားမြေခြားလျက် တည်နေရာအရ နိုင်ငံ၏ ရှေ့တန်း အကျဆုံးနေရာတွင် သည်းခံစိတ်ရှည်စွာဖြင့် တာဝန်ထမ်းဆောင် နေကြသူများဖြစ်၍ အသိအမှတ်ပြု အားပေးပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ထားသော တိုင်းပြည်သာယာဝပြောရေး စားရေ ရိက္ခာ ဖူလုံရေး မူဝါဒကို အကောင်အထည်ဖော်နိုင်ရန် တစ်ဦးချင်းဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုး စက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ်ပစ္စည်း လက်မှုလုပ်ငန်းများ လုပ်ဆောင်ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူသုံးကုန်ပစ္စည်း လက်မှုလုပ်ငန်းအတွက် သင်တန်း ပေးရာတွင် ပြောင်းလဲလာသော လူနေမှုစနစ်အရ ခေတ်နှင့်လျော်ညီ၍ အမှန်တကယ်သုံးစွဲသည့် ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်း ပို့ချရန်လိုကြောင်း၊ သို့မှသာ ဈေးကွက်ရရှိပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း အသုံးမတည့်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် လုပ်အားနှင့်အရင်းအနှီး ဆုံးရှုံးခြင်းသာ အဖတ်တင်မည်ဖြစ် ကြောင်း ၊ ထို့အပြင် ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များကို ဈေးကွက်ရရှိအောင်လည်း မြို့နယ်မှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကာ စီမံဖန်တီး ပေးရန်လို ကြောင်း၊ အလားတူ ဒေသ၏ အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာကျန် ဆောင်ရွက်ရန်လိုကြောင်း၊ ပညာရေး နှင့်ပတ်သက်၍ တိုးတက်လာသော IT ခေတ်တွင် ကျေးလက် နှင့်မြို့ ပြသင် ယူနိုင်သည့်အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် သင်ကြားပေးမှု ကျောင်းသား /ကျောင်းသူ များ၏ တက်မြောက်လိုမှု မိဘနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေး ဆောင်ရွက်ခြင်းဖြင့် အောင်ချက် မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်းသူများစိတ်လက် အေးချမ်း တက်ကြွစွာ ကျောင်းတက်နိုင်ရေး ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေး ဆောင်ရွက်၍ ဉပတိရုပ်ကောင်းမွန်အောင် ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ အခြေအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာခဲ့ကြောင်း၊ ဒေသခံပြည်သူများ သွားလာရေး အစဉ်ပြေစေရေးအတွက် ၂ ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့်၎င်း၊ တစ်လ တစ်ကြိမ် တပ်မတော် ရေယာဉ်များဖြင့်၎င်း၊ သယ်ယူပို့ဆောင် ပေးလျက်ရှိကြောင်း၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်း လုပ်ဆောင် သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ဒေသဖွံဖြိုးရေး အတွက် ထောက်ပံ့ငွေများကိုလည်ကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက် ဖွယ်ရာများကိုလည်ကောင်းပေးအပ်ရာ တာဝန်ရှိသူများက  အသီးသီး လက်ခံ ရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ကိုကိုးကျွန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံရှိ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းအပါအဝင်  ဆေးရုံ အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဆေးရုံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်း များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးသည် အရေးကြီးဆုံးဖြစ်၍ ရောဂါရှာဖွေကုသမှုအတွက် လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လုံလောက် စွာထားရှိရမည်အခြေအနေများ၊ ဖြည့်ဆည်းပေးထားသည့် လက်သုံးကိရိယာများကို ရေရှည်သုံးစွဲနိုင်ရန် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် အခြေအနေများ ရောဂါ ရှာဖွေကုသမှုအပြင် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးရန် လိုအပ် သည့်အခြေအနေများ၊ ဆေးရုံ၏ လိုအပ်သော အုပ်ချုပ်မှုကိစ္စများအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နေပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သော အခြေအနေများစသည်ဖြင့် လိုအပ်သည်များ မှာကြားပြီး  ချီးမြှင့်ငွေများနှင့် စား သောက် ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များ သည် ကိုကိုးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန  က ဖွင့်လှစ်သင်ကြားပေးနေသည့် စားသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သို့သွားရောက်၍  သင်တန်းသား/ သင်တန်းသူ များအား သင်ကြားပို့ချနေမှုအားကြည့်ရှုပြီး သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး လက်ဆောင်ပစ္စည်များ ပေးအပ်သည်။ ထို့နောက် အဆိုပါစာသင်ကျောင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းအုပ်ဆရာမကြီးအား လက်ဆောင်ပစ္စည်း များပေးအပ်သည်။

          ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အောင်နိုင်သူ အုန်းဆန်ကြိုးထုတ်လုပ်မှုလုပ်ငန်းသို့သွားရောက်ကြည့်ရှုကြပြီး သိရှိ လိုသည်များမေးမြန်းပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။