news

တိုင်းရင်းသားလက်နက်ကိုင်အချို့၏ နယ်မြေများသို့ သွားရောက်ဖောက်ခွဲရေး သင်တန်းတက်ရောက်မည့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၈
    ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေ ရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်ပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၈              

             မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများထံမှ ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေသူများအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ  ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

KIA တွင် အဖျက်အမှောင့်သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအား ဖော်ထုတ်ရရှိ

နေပြည်တော်၊ ဇွန် -  ၈

KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သည့် ထူးဝေလင်းနှင့် မင်းသုခကျော် တို့ ၂ ဦးအား လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဇွန် ၇ ရက်တွင်သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

         အဆိုပါဖမ်းဆီးရမိသူ နှစ်ဦးအနက် ထူးဝေလင်း၏ ထပ်မံဖော်ထုတ်ချက်အရ ထူးဝေလင်းသည် မတ်လ ၃၀ ရက်တွင် မင်းသုခကျော်၊ ရဲရင့်အောင် တို့နှင့်အတူ  KIA တွင် သင်တန်းတက်ရောက်ရန်အတွက် Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့ရှိ Apple Hotel တွင် တည်းခို ခဲ့ကြောင်း၊ ဧပြီလ ၁ ရက်တွင် ကျော်ဇင်လင်း (လိုင်ဇာရောက်ရှိနေသူ) စီစဉ် ပေးမှုဖြင့် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ Super Custom ယာဉ်ဖြင့် သွားရောက်ခဲ့ရာ မိုက်ဆာပါ စစ်ဆေးရေးဂိတ်မှတဆင့် လိုင်ဇာမြို့သို့ရောက်ရှိခဲ့ပြီး တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး ကျော်ဇင်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၌ စာသင်ကျောင်းအတွင်း ကျောင်းဝတ်စုံဝတ်ဆင် ဝင်ရောက်ကာ အသံဗုံးဖောက်ခွဲခဲ့သူ အမျိုးသား ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၈

             စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၌ စာသင်ကျောင်းအတွင်း ကျောင်းဝတ်စုံဝတ်ဆင် ဝင်ရောက် ကာ အသံဗုံးဖောက်ခွဲခဲ့သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားရှိကြောင်း သိရသည်။

လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၈

             တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန်   ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ ဇွန် - ၇

         ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။