စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ် နေပြည်တော်၊ မေ ၂

Monday, May 2, 2022 - 17:15

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ မေ

            နိုင်ငံရေးအစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အချို့မြို့နယ်များရှိ ကျေးရွာများမှ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူလူထုတို့အား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးရန်၊ ဆက်ကြေးများပေး ဆောင်လာစေရန် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အပြစ်မဲ့ ပြည်သူများအား သတင်းပေး ဒလန် များအဖြစ်စွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရန်မှန်သမျှကို ကျူးလွန်လျက်ရှိသည်။

            ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ဦးတို့အား PDF အမည်ခံ အကြမ်းဖက် သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်းသိရသည်။

             ဖြစ်စဉ်မှာ ဧပြီလ ၃၀ ရက်နေ့ ညနေ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားအင်အား ၈၀ ဦးခန့်သည် မော်တော်ယာဉ်များစီးနင်းကာ သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေထိုင် ကြသူများဖြစ်သည့် ဦးထွန်းနိုင် (၄၇)နှစ် ()ဦးတင်ထွန်း၊ ဦးပြေအေး (၄၄)နှစ် ()ဦးတင်ထွန်း၊ ဦးဇော်မြင့် (၅၂)နှစ် () ဦးလှဝင်း၊ ဦးစန်းထူး (၃၆)နှစ် ()ဦးထိန်ဝင်း၊ ဦးဆန်းဦး (၃၃)နှစ် ()ဦးထိန်ဝင်း၊ ဦးမျိုးဆန်း (၂၈)နှစ် ()ဦးဇော်မြင့်၊ ဦးတင်ဝမ်း (၃၅)နှစ် ()ဦးတင်ထွန်း၊ ဦးချစ်သင်္ကြန်ဟိန်း (၃၃)နှစ် () ဦးထိန်ဝင်း၊ ဒေါ်တင်မေဌေး (၄၀)နှစ် ()ဦးတင်ထွန်းနှင့် ဒေါ်တင်မေရီ (၅၁)နှစ် ()ဦးတင်ထွန်း၊ ဒေါ်ကြည်ဌေး (၆၂)နှစ်() ဦးတင်ထွန်း၊ ဒေါ်သဉ္ဇာဝင်း (၃၅)နှစ် () ဦးထိန်ဝင်း၊ ဒေါ်တင်မေအေး (၄၃)နှစ် () ဦးတင်ထွန်း၊ မအေမီကျော် (၂၃)နှစ် () ဦးထွန်းနိုင်နှင့် မအေမီသင်း (၁၉)နှစ် () ဦးထွန်းနိုင်တို့ ၁၅ ဦးအား ကျေးရွာအပြင်ဘက်ရှိ သုဿာန်သို့ မော်တော်ယာဉ်များဖြင့်တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သုဿာန်အတွင်း၌ ၎င်းတို့အား ကြိုးများဖြင့် ချည်နှောင်ပြီး ညှင်းပန်းနှိပ်စက်ကာသတင်းပေး၊ ဒလန်များဟု  စွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ ဦးအနက် ဦးထွန်းနိုင်ပါ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့အား သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းများအား မီးရှို့ခဲ့ပြီး ဒေါ်ကြည်ဌေး၊  ဒေါ်သဉ္ဇာဝင်း၊ ဒေါ်တင်မေအေး၊ မအေမီကျော်နှင့် မအေမီသင်း တို့ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

            ထို့အတူ မေလ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာနေသူများဖြစ်သည့် ဦးပြားကြီး (၃၈)နှစ်() စိစစ်ဆဲ၊ ဦးနန်းထိုက် (၃၅)နှစ် () ဦးစိုးတင့်၊ ဦးစိုးသန်း (၄၅)နှစ်()ဦးရွေး၊ ဦးကျော်ရွှေ (၄၃)နှစ်() ဦးမြသိန်း၊ ဦးဇော် (၄၈)နှစ် () ဦးသန်းမောင်၊ ဦးမင်း(၄၀)နှစ်() ဦးထွန်းရှိန်၊ ဦးမင်း(၄၃)နှစ် ()ဦးထွန်းရှိန်၊ ဦးလှိုင်မျိုးထွန်း (၃၃)နှစ် () ဦးတင်ဝင်း၊ ဒေါ်စန်းညွန့်စိန် (၄၆)နှစ်() ဦးထွန်းရှိန်၊  ဒေါ်ယဉ်မာဌေး (၃၈)နှစ် () ဦးလင်း၊ ဒေါ်တင်မော် (၄၂)နှစ် () ဦးစိန်ထွေး၊ မသက်နှင်းဝေ (၁၉)နှစ်() ဦးပြားကြီး၊ မသွယ်ဇင်ဝင်း (၁၈)နှစ်()ဦးကိုဦးတို့ ၁၃ ဦးသည် ကင်မွန်းထော်ကျေးရွာမှ အမြင့်ကျေးရွာသို့ ဈေးဝယ်ရန်ထွက်ခွာလာစဉ် PDF အမည်ခံအကြမ်းဖက်သမားများက တောကျောင်းလေးကျေးရွာအနီး အရောက်၌ ၎င်းတို့ ၁၃ ဦးအား ခြိမ်းခြောက်ကာဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးလုံးတင်ကျေးရွာ၏ အနောက်ဘက် မိုင်ခန့်အကွာရှိ ချောင်းရိုးအတွင်း၌ သတင်းပေး၊ ဒလန်များဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ အလောင်းများအား ချောင်းရိုးအတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

            ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင်ကာ လူအုပ်စုလိုက်အား ရက်စက်စွာသတ်ဖြတ်ခဲ့မှုများ ကျူးလွန်ခဲ့သည့် PDF အမည်ခံအကြမ်းဖက် သမားများအား ရပ်ရွာလူထုတို့မှလည်း ကြောက်ရွံ့မုန်းတီးလျက်ရှိပြီး အမြန်ဆုံးဖမ်းဆီးအရေးယူ ပေးနိုင်ရေးလိုလားလျက်ရှိကြောင်း၊ ၎င်းအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ရေးအတွက် နယ်မြေခံတပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်း ပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရပ်ရွာလူထုတို့မှလည်း အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။