နေပြည်တော်၊ ဧပြီ - ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက် နေ စိုးနိုင်(ဘ)ဦးစောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဖော်ဝါရီလ ၁၂ ရက်အတွင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှု များတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်လုပ်မိုင်းများစမ်းသပ်ထုတ်လုပ်ပေးခြင်း၊ လက်နက်၊ ခဲယမ်းများသယ်ယူ ပို့ ဆောင်ပေးခြင်းကြောင့်လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈)ရပ်ကွက်နေ ကျော်ဝင်းထွဋ်(ခ)ကျော်ကြီး(ဘ)ဦးတက်နေဝင်း၊ အမှတ်(၁၆) ရပ်ကွက်နေ ဖြိုးကိုကို(ခ)ဖြိုးကို(ဘ)ဦးထွန်းမင်းနှင့် သက်ပိုင်ဦး(ခ)ပိုင်လေးတို့ ၃ ဦး သည် လှိုင်သာယာမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင် ပါဝင်ခြင်း၊ လက်နက်များသိုဝှက်သိမ်းဆည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နယ်မြေအတွင်း၌ အကြမ်းဖက်သင်တန်းများတက်ရောက်ခဲ့ခြင်း တို့ကြောင့် လည်း ကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်နေ ခိုင်ဝင်းစိုး(ခ)ထိန်လင်း(ခ) ကိုထက်(ဘ)ဦးမြင့်မောင်၊ ဘုန်းမြင့်ဝင်း(ခ)ဒင်္ဂါး(ခ)ကျော်ကြီး(ဘ)ဦးမောင်မောင်ထွေး၊ မျိုးဦး(ဘ)ဦးမျိုးညွန့်အောင်နှင့် မှော်ဘီမြို့နယ်၊ အုတ်စက်အလုပ်သမားဝန်းနေ ခိုင်ထွန်းဦး(ခ)စောမိုးဇက်(ခ)ချက်ကြီး(ဘ)ဦးစိန်ထွန်းရီတို့ ၄ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရွှေပြည်သာမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများ တွင်ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက် ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းပေးခြင်းနှင့် ပို့ဆောင်ပေးခြင်းများကြောင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိန်းမပြေးကျေးရွာနေ ကျော်ဇော(ခ)ဂြိုလ်သား(ဘ)ဦးထွန်းအောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ် ၈ ရက်အတွင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းပြုလုပ်သည့် ဆူပူ ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင်အားပေးကူညီခြင်း တို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ အား၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ် ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။