news

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများအား ပစ်သတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့က မဟုတ်မမှန်လုပ်ကြံသတင်းများ ဖော်ပြနေမှုနှင့်ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇွန် ၄

               မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

                    အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ “ဂန့်ဂေါမှာ လျှာဖြတ်ပြီး မီးရှို့အသတ်ခံလိုက်ရတဲ့ ၅ ဦးရဲ့ ဖြစ်စဉ်”ဟူသော ခေါင်းစဉ်ဖြင့် မီဒီယာအချို့နှင့် အကြမ်းဖက်ပြုလုပ်မှုများအပေါ် လှုံ့ဆော်အားပေးသူ များက ပြည်သူလူထုအတွင်း အကြောက်တရား များပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ မြေပြင်ဖြစ်စဉ် အမှန်ထက် ပိုမိုလွန်ကျူးစွာ ရေးသားဖော်ပြခဲ့သည်ကို Facebook လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။

ဖောက်ခွဲမှုကျူးလွန်သူများအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၄

             ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရပ်ကွက်များ၌ ပေါက်ကွဲမှုဖြစ်စဉ်များမှ ကျူးလွန်သူ များအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်တွင် မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်၊ (၁၁)လမ်းနေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးနော်မိုင်လှကြည်၏ နေအိမ်ခြံစည်းရိုးထောင့်ရှိ အုတ်ရေမြောင်းဘောင်ပေါ်၌ မသင်္ကာဖွယ်အထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိခဲ့ရပြီး ယခင်အကြမ်းဖက်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည့် တရားခံ ချစ်ကိုကို(ခ)ချစ်ကိုအား ဖမ်းဆီးစဉ် သိမ်းဆည်းရမိခဲ့သည့် မိုင်းပုံစံနှင့်တူညီနေသည့်အတွက် အသေးစိတ်ထပ်မံစစ်ဆေးခဲ့ သည်။

ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် - ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးပိုင်းလမ်း၊ မြို့မဈေး၌ ဇွန် ၁ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဦးမြင့်စန်း၏ ကုန်စုံဆိုင်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဇွန် - ၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဇွန် - ၃

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌  ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၈/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဇွန် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး          (၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်း အောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။

 

နေပြည်တော်၊ ဇွန် -၃

          အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် ဆူပူအကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက် လျက်ရှိသည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်၊ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရရှိ
နေပြည်တော်၊ ဇွန် ၃
    မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။