ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၄၀ /၂၀၂၂
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေ ရမည်။
၂။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၅။ ကောင်စီ၏ နာယကအဖွဲ့သည် ကောင်စီဝင် ၆၀ ဦး ပါဝင်သော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကို ဖွဲ့စည်းရာတွင် -
(က) သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အောက်ဖော်ပြပါ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်များအနက်မှ ၁၀ ဦးစီကို ကောင်စီဝင်များအဖြစ် သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ရမည်-
(၁) အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ အစည်းများမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ၊
(၂) အင်ဂျင်နီယာနှင့် နည်းပညာသင်ကြားရေးဆိုင်ရာ အစိုးရဌာန၊ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် များ။
(ခ) သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာလုပ်ငန်းနှင့်သက်ဆိုင် သည့် ဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်း၊ အင်ဂျင်နီယာနှင့် နည်းပညာသင်ကြား ရေးဆိုင်ရာ အစိုးရဌာန၊ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများမှ အငြိမ်းစား မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များအနက်မှ ၁၀ ဦးကို ကောင်စီဝင်များ အဖြစ် သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ရမည်။
(ဂ) သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အောက်ဖော်ပြပါ မှတ်ပုံတင်အင်ဂျင် နီယာပညာရှင်များအနက်မှ ၁၅ ဦးစီကို ကောင်စီဝင်များအဖြစ် သတ်မှတ် ချက်များနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ရမည်-
(၁) အစိုးရမဟုတ်သော အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ၊
(၂) ပြင်ပမှ ထင်ပေါ်ကျော်ကြားသော မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ။”
၃။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“(စ) နာယကအဖွဲ့သည် လက်ရှိကောင်စီ သက်တမ်းကုန်ဆုံးသည့်ရက်မှ ရက်ပေါင်း ၆၀ အတွင်း တာဝန်ခံဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကောင်စီအသစ်ကို ဥပဒေနှင့်အညီ ဖွဲ့စည်းပြီး တာဝန်လွှဲပြောင်းစေရမည်။”
၄။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (စ) ၏ နောက်တွင် ပုဒ်မခွဲ (ဆ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဆ) လက်ရှိကောင်စီသည် ကောင်စီအသစ် ဖွဲ့စည်းပြီးသည်အထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။”
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ