news
အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုထိခိုက်မှုမရှိစေရေး လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏တာဝန် အရပ်ရပ်အား ရယူပြီးနောက် နိုင်ငံတစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နေသည့်အပေါ် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူ များက နိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်နှင့် ပြည်သူလူထုများ သေကြေပျက်စီး၍ အထိတ်တလန့်ဖြစ်ပွားကာ အစိုးရအပေါ် ယုံကြည်မှုပျက်ပြား လာစေရန် မြို့၊ ရွာများတွင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။
PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်၊ မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံး ပြုသည့် ရေနံဓာတ်ငွေ့ရည်(LP Gas)များသယ်ဆောင်လာသည့် မော်တော်ယာဉ် များအား ယနေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံရောက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂၀၀၀ သည် ယနေ့နံနက် ၅ နာရီ က QATAR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘုတ်ပြင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေးကာ စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး ရှင်းလင်းပြောကြား။
နေပြည်တော်၊ ဇန်နဝါရီလ ၁၅ ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် ဇန်နဝါရီလ(၁၄)ရက်၊ မွန်းလွှဲ(၂)နာရီခွဲတွင် ဘုတ်ပြင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်၊ ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှု့အားပေး ကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။


















































































































































