အသိပေးနှိုးဆော်ကြေညာချက်
ရက်စွဲ၊ ၁၉-၁၂-၂၀၂၁။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူအကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်း ရမိလျက်ရှိပါသည်။


























