တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
ရန်ကုန် ဧပြီ ၂၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ဌင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်ရောဂါကာကွယ် ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူဆယ့်တစ်ဦးထိုးနိုင်သော Covishield၊ ဆေးတစ်လုံးလျှင် လူဆယ်ဦးထိုးနိုင်သော Covaxin၊ ဆေးတစ်လုံးလျှင် လူဆယ်ဦးထိုးနိုင်သော Astra Zenec၊ ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopham၊ ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနိုင်သော Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့သို့ Covishield ၂၆၃၀၁ လုံး၊ Covaxin ၁၂၅၆၁ လုံး၊ Astra Zenec ၅၀၀၀လုံး၊ Sinovac ၃၂၃၁၈၅ လုံး၊ ဆေးထိုးအပ် ၃၉၀၆၀၀ချောင်း၊ ရန်ကုန်မြို့သို့ Sinovac ၆၇၅၃၀လုံး၊ ဆေးထိုးအပ် ၆၈၄၀၀ ချောင်း၊ နေပြည်တော် ကောင်စီနယ်မြေသို့ Sinovac ၁၈၄၀၀လုံး၊ ဆေးထိုးအပ် ၁၉၈၀၀ချောင်း၊ တောင်ကြီးမြို့သို့ Sinovac ၅၅၉၂၆လုံး၊ ဘားအံမြို့သို့ Covishield ၅၁၃လုံး၊ Astra Zenec ၂၅၀လုံး၊ Sinovac ၁၉၄၅၂လုံး၊ ဆေးထိုးအပ် ၂၁၆၀၀ချောင်း၊ မော်လမြိုင်မြို့သို့ Astra Zenec ၅၀၀၀လုံး၊ Sinovac ၉၅၈၇၀လုံး၊ ပဲခူးမြို့သို့ Covishield ၂၅၁၇၆လုံး၊ Sinopham ၂၂၆၈လုံး၊ Astra Zenec ၅၁၈၀လုံး၊ ဆေးထိုးအပ် ၂၁၂၄၀၀ချောင်း၊ ပြည်မြို့သို့ Covishield ၁၅၂၂၃လုံး၊ Sinopham ၃၂၀၇လုံး၊ ဆေးထိုးအပ် ၁၉၆၂၀၀ချောင်း၊ ပခုက္ကူမြို့သို့ Covishield ၉၁၀လုံး၊ ဆေးထိုးအပ် ၁၂၈၀၀ချောင်း၊ မကွေးမြို့သို့ Sinovac ၁၂၃၅၃၀ လုံးတို့ကို မြေပြင်အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။