ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၃၉ /၂၀၂၂) ၁၃၈၄ ခုနှစ်၊   တန်ခူးလပြည့်ကျော်    ၁၀  ရက် (၂၀၂၂ ခုနှစ်၊ ဧပြီလ  ၂၅   ရက်)

Monday, April 25, 2022 - 19:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၃၉ /၂၀၂၂)

၁၃၈၄ ခုနှစ်၊   တန်ခူးလပြည့်ကျော်    ၁၀  ရက်

(၂၀၂၂ ခုနှစ်၊ ဧပြီလ  ၂၅   ရက်)

 

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရ မည်။

၂။       ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) ၏ နောက်တွင် ပုဒ်မခွဲ (စ) နှင့် (ဆ) တို့အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်-

“(စ )    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဥပဒေရေးရာဝန်ကြီးဌာနကို ဆိုသည်။

 (ဆ)    ပြည်ထောင်စုဝန်ကြီးဆိုသည်မှာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကို ဆိုသည်။”

၃။      ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ ပုဒ်မ ၄ ၊ ၉ ၊ ၁၅ ၊ ၁၆ နှင့် ၂၀ တို့တွင် ပါရှိသော “ပြည်ထောင်စုရှေ့နေချုပ်ရုံး” ဆိုသည့် စကားရပ်ကို “ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၄ နှင့် ၅ တို့တွင် ပါရှိသော “ပြည်ထောင်စုရှေ့နေချုပ်” ဆိုသည့်စကားရပ်ကို  “ပြည်ထောင်စုဝန်ကြီး” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။

၄။      ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ ပုဒ်မ ၁၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၂။   (က)    ကော်မရှင်သည် မိမိအတည်ပြုသော မြန်မာဘာသာပြန်ဆိုထားသည့်ဥပဒေ သည် မူလစာမူနှင့် အလားတူ အာဏာတည်ရမည်ဟု  အမိန့်ဖြင့် ထုတ်ပြန် ကြေညာရမည်။

          (ခ)      ပုဒ်မခွဲ (က) အရ        ထုတ်ပြန်ကြေညာထားသော     ဘာသာပြန်ဆို ချက်ပါ ဖော်ပြချက်တစ်ရပ်သည် မူလစာမူနှင့်ကွဲလွဲပါက     အဆိုပါ ဖော်ြပချက်တစ်ရပ် နှင့်စပ်လျဉ်း၍ မူလစာမူ အတည်ဖြစ်သည်။”

                                                                                                                        

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

                                                                   (ပုံ)မင်းအောင်လှိုင်

                                                                     ဗိုလ်ချုပ်မှူးကြီး

                                                                             ဥက္ကဋ္ဌ

                                                          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ