၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ နေပြည်တော်၊  ဧပြီ ၂၄

Sunday, April 24, 2022 - 15:45

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

နေပြည်တော်၊  ဧပြီ ၂၄

         ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မတ်လအတွင်းက ကျင်းပခဲ့သည့် အခြေခံ ပညာအဆင့် Grade 1(ပထမတန်း)မှ Grade-10(နဝမတန်း)အထိ စာမေးပွဲအောင် စာရင်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ အခြေခံပညာအဆင့် စာမေးပွဲများအနက် Grade-9 စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက် အထိ စစ်ဆေးခဲ့ပြီး ယနေ့တွင် အခြေခံ ပညာအဆင့် Grade 1 (ပထမတန်း)မှ Grade-10(နဝမတန်း)အထိ စာမေးပွဲအောင်စာရင်းများကို ထုတ် ပြန်ကြေညာပေးခဲ့ခြင်းဖြစ်ရာ အခြေခံပညာကျောင်းအသီးသီး၌လည်း စာမေးပွဲ အောင်စာရင်းစာရွက်များကို ကြော်ငြာဘုတ်များဖြင့် ကပ်ပေးထားကြောင်း သိရှိရ သည်။

           လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ် အဖြစ် လည်းကောင်း၊  အလယ်တန်းအဆင့် Grade-8 ကို သင်ရိုးသစ်အဖြစ်လည်း ကောင်း၊ အထက်တန်းအဆင့်တွင် Grade-11 ကို သင်ရိုးသစ် အဖြစ်လည်းကောင်း ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းအဆင့် Grade-5 ကို သင်ရိုးသစ်အဖြစ်ပြောင်းလဲသင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဗဟို အဆင့် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။