နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၊

Sunday, May 1, 2022 - 18:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံလူမျိုးများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

နေပြည်တော် မေ-၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ ကော့သောင်းမြို့ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

          အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊ ကော့သောင်းမြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

          ဦးစွာ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ  ဦးစိုးအောင်က အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို က  လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီက ချမှတ်လမ်းညွှန်ထားသော အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သိရှိနိုင်ရန် နှင့် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများအရ နိုင်ငံ၏ လိုအပ်သောနေရာများတွင် ခရိုင်အဆင့်တိုးချဲ့ ဖွဲ့စည်းခဲ့ရာ ဘုတ်ပြင်းမြို့ကို လည်း ခရိုင်အဆင့်သို့ တိုးမြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်‌ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်လုပ်ငန်း တာဝန်များအား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၁ရက်နေ့တွင် ၁နှစ်နှင့် ၃ လ ပြည့်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေး၊ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ထူထောင်ရေးတို့ကို ချမှတ်၍ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြင်သာသော ဆောင်ရွက်မှုအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အချိန်တိုအတွင်း ထိခိုက်မှု အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့မှုနှင့် တိုင်းရင်းသားစည်းလုံညီညွတ်မှု၏ ပြယုဂ် တစ်ခုဖြစ်သည့် စိန်ရတုပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် နိုင်ငံတော်၏ ကျန်းမာရေးစနစ်ပြိုလဲ ကာ တည်ဆဲအစိုးရအတွက် အကြပ်အတည်းဖြစ်စေ၍ အစိုးရပြုတ်ကျသည်အထိ ရည်ရွယ်ချက်ဖြင့် ဘက်ပေါင်းစုံမှထိုးနှက် ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ တည်ငြိမ် မှုကို မလိုလားသည့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များကလည်း မီဒီယာများမှတဆင့် အမျိုးမျိုးသောဝါဒဆိုးများဖြန့်ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှု နည်းမျိုးစုံဖြင့်မက်လုံးပေး ဆွဲဆောင်မှုတို့ကြောင့်  ကျန်းမာရေး ဝန်ထမ်းများအပါအဝင် နိုင်ငံဝန်ထမ်းအချို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေသော အချိန်ဖြစ်ကြောင်း၊ အခက်အခဲ အမျိုးမျိုး၊ အကြပ်အတည်းအမျိုးမျိုးကြားမှ တာဝန်သိသစ္စာရှိဝန်ထမ်းများနှင့် ပြည်သူ တို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လူအသက်ထက် အရေးကြီးသည် မှာ မည်သည့်အရာမရှိဟု ခံယူလျှက် လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ တတိယလှိုင်း ကို အချိန်တိုအတွင်း အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့၍ WHO အပါအဝင် နိုင်ငံအများစု ကပင် အံ့ဩခဲ့ရကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှုကို မှတ်တမ်းတင် သည့် VMIS ဖြည့်သွင်းမှုစနစ်ကို တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများက အကောင်းဆုံးပုံစံတွင် တစ်ခုအပါအဝင်အဖြစ် အသိအမှတ်ပြုမှုအပေါ် နိုင်ငံ၏ ဂုဏ်ယူစရာအဖြစ်တွေ့နိုင်ကြောင်း၊ အလားတူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ လူထုတို့၏ ပေါင်းစည်းစွမ်းအားဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု၏ ဒေသအလိုက် ထင်ရှားသော အမှတ်အသားအထိမ်းအမှတ်နှင့် ထုတ်ကုန်များ ၊ ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို‌ ဖော်ထုတ်နိုင်ခဲ့ကြောင်း၊  တနည်းအားဖြင့် အကြမ်းဖက်အဖွဲ့များ၏  ခြိမ်းခြောက်မှု များကြားကပင် စည်လုံးညီညွတ်မှုကိုပြသ နိုင်ခဲ့ခြင်းဖြစ်၍ မှတ်တိုင်တစ်ခုပင်ဖြစ် ကြောင်း၊

လက်ရှိတွင် ကိုဘစ် ၁၉ စတုတ္တလှိုင်းကို တတိယလှိုင်းတွင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ပြင်ဆင်မှုဖြင့် ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အပြီး အသက် ၁၈ နှစ်ထက် ပြည်သူအားလုံးရာခိုင်နှုန်းပြည့် ကာကွယ် ဆေးထိုးနှံပြီးစီးရေးရည်မှန်းကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊  ဆေးရရှိရေး အရန် နိုင်ငံခြားငွေကြေးမှ ဝယ်ယူရန်ကြိုးပမ်းသကဲ့သို့ မိတ်ဆွေနိုင်ငံများမှလည်း အကူ အညီများ ရရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါကူးဆက်မှုများ နေ့စဉ်အမျှ ဖြစ်ပေါ် နေသော်လည်း မိမိတို့နိုင်ငံတွင် ဧပြီ ၃၀ ရက်နေ့စာရင်းဇယားအရ နိုင်ငံလုံး ကိုဗစ်ဖြစ်ပွားမှု ၁၉ ဦး၊ ၀ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိပြီး သေဆုံးသူ မရှိသည်ကို တွေ့ရှိရ ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးရလဒ်ပင်ဖြစ်ကြောင်း၊ ကျန်ရှိသူများအပြင် အသက် ၅နှစ်အထက် ကလေးသူငယ်များကာကွယ်ဆေးထိုးနှံမှုကိုလည်း ဆက်လက် ဆောင်ရွက်နိုင်ရန်စီမံလျှက်ရှိကြောင်းပြောကြားသည်။

ဆက်လက်၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေနဲ့အညီ စစ်ဆေးဆောင်းရွက်မှုများ ပြုလုပ်ပြီးစီးခဲ့ ပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အဘက်ဘက်မှ ယိုင်လဲခဲ့ရသည့် နိုင်ငံစီးပွားရေး ကို  ပြန်လည်တည့်မတ်အောင် ဆောင်ရွက်မှုအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးခံစားရသော ထိခိုက်မှုဖြစ်၍ နိုင်ငံတော်တွင်လည်း ထိခိုက်မှုများရှိခဲ့ပြီး အတိုင်းအတာတစ်ခုအထိ တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုနှင့် GDP တိုးတက်ရေး ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှိ  မြေသယံဇာတ၊ရေသယံဇာတအခြေခံကောင်းများကို အသုံးချ၍ လုပ်သင့်လုပ်ထိုက် သည်များကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ပုံမှန်ထက်တိုးတက်မှုကို ပြန်လည်ရနိုင် မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ရန်အချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲပေးခြင်း၊ တစ်ကြိမ်ထက်ပို၍ မဲပေးခြင်း စသော မဲလိမ်မဲခိုးမှု၊ မဲမသမာ မှုများကြောင့် တရားမျှတသည့်ရွေးကောက်ပွဲ မဖြစ်ခဲ့သဖြင့် လက်ရှိအခြေအနေ ရောက်ရှိခဲ့ခြင်းဖြစ်ရာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်တွင် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ် ၁ ကတ် ရှိနေရမည်ဖြစ်၍ မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်နှင့် မဲစာရင်းများ မှန်ကန်ရေး အတွက် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၊ ပြည်တွင်းကွန်ပျူတာပညာရှင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များ နှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦး ထဲဆောင် ရွက်၍ မရသောလုပ်ငန်းဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင် မည်ဖြစ် ကြောင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍ ၃ ရပ် တိုးတက်ရန် လိုကြောင်း၊နိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ရာခိုင်နှုန်းခန့်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆီအုန်း အဓိကစိုက်ပျိုးလျှက်ရှိသည့်အပြင် ကိုကိုးကဲသို့သောအပိုဝင်ငွေရရှိနိုင်သည့် သီးညှပ် စိုက်ပျိုးနိုင်ရေး မျိုး၊ နည်းပညာနှင့် သွင်းအာစုများ ရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆီထုတ်လုပ်ရာတွင် လည်း ဆီကြမ်းမှဆီချောထိ ဒေသတွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကော့သောင်းဒေသသည် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ထူးခြား ဆန်းပြားသော ငါးသံယံဇာတများနှင့် တန်ဖိုးမဖြတ်နိုင်သည့် သန္တာကျောက်တန်း စသည်ဖြင့် စီးပွားရေးကဏ္ဍအတွက် အခြေခံကောင်းများရှိကြောင်း ထွက်ကုန်များအား ပြည်ပပို့ရာတွင် ရရှိသည့်ကုန်ကြမ်း အတိုင်း ရောင်းချသည်ထက်  တန်ဖိုးမြင့််ထုတ်ကုန် (Value added)ပြုလုပ်ရောင်းချရန်လိုကြောင်း၊ သို့မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်မှုမှ တဆင့် ဒေသစီးပွားရေးကောင်းမွန်ကာ နိုင်ငံတော်အတွက်လည်းအခွန်အခများ ပိုမိုရရှိကာ ၎င်းဝင်ငွေများမှ နိုင်ငံဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရ အဖွဲ့များအလိုက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ဒေသဖွံဖြိုးရေးဆောင်ရွက် မည့် လုပ်ငန်းများကို ပိုမိုခွဲဝေပေးနိုင်မှာဖြစ်သည့်အပြင် နိုင်ငံတော်၏ အရန်ငွေကြေး မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍ နိုင်ငံတကာ အရေးအရာများကြောင့် ကမ္ဘာတွင်ဆီဈေးများတည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းမြင့်တက်မှု များရှိကြောင်း ပြည်တွင်းဆီ ထုတ်လုပ်မှုမှလောက်ငှမှုမရှိ၍ ပြည်ပမှ အရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းရသဖြင့်တတ်နိုင်သ၍ ချိုးခြံချွေတာရန် လိုကြောင်း၊ အလားတူ စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်းဖူလုံမှုမရှိသဖြင့် ပြင်ပမှ ဝယ်ယူ တင်သွင်းနေရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အဓိကစိုက်ပျိုးနေသော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းမှ တိုင်းဒေသကြီးအတွင်း လုံလောက်အောင် စိုက်ပျိုး ထုတ်လုပ်နိုင်ရေးမှ တစ်နိုင်ငံလုံးဆီဖူလုံရေး စီမံကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးသူငယ်အားလုံး (kg+9)ကို အခြေခံတတ်မြောက်ရန် လိုကြောင်း ၊(kg+9)တတ်မြောက်မှသာ Vocational trainingသင်ကြား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသို့ ကူးပြောင်းခြင်းကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊

ကျန်းမာရေးနှင့်ပတ်သက်၍ လူတစ်ဦးချင်း၏ စားသောက်နေထိုင်မှုများ ကျန်းမာရေးနှင့်ကိုက်ညီမှုရှိစေရေးအတွက် ပြည်တွင်းထုတ်ကုန်၊ ပြည်ပသွင်းကုန်များ ကို အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒနှင့်တည်ဆဲဖြန့်ချိမှုပါအတိုင်း ပြည်သူအားလုံး သိရှိအောင် အသိပညာပေးဖြန့်ဝေခြင်းများဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၂၂ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငြိမ်းချမ်းရေး အတွက် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ကြိုတင် ကန့်သတ်ချက်မထားဘဲ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် အေပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ ငြိမ်းချမ်းနေရန် လိုကြောင်း၊ကော့သောင်းမြို့သည်နိုင်ငံ၏ တောင်ဘက်စွန်းနယ်စပ်မြို့ဖြစ်၍ ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် နိုင်ငံကြီးသားပီသသော အလေ့အထ ကောင်း များဖြင့် နေထိုင် ပြုမူဆက်ဆံကြရန်လိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကိုထိခိုက် စေမည့် လုပ်ရပ်များ ရှောင်ရှားရန်လိုကြောင်း၊ ဌာနဆိုင် ရာဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ခုနှစ်၊ ပုဒ်မ ၄၁ပါ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာနေရန် လိုကြောင်း၊ အလားတူ ဝန်ထမ်းများအနေဖြင့် ဒေသ၏ရေ/ မြေ သံယံဇာတများကို တရားမဝင်သောနည်းလမ်းများဖြင့် အလေအလွင့် ဆုံးရှုံးမှု မရှိစေရေး ဒေသခံများနှင့် ပူးပေါင်းထိန်းသိမ်းကြရန်လိုကြောင်း၊ ဝန်ထမ်းအား လုံးအနေဖြင့် ဒေသ၊ နိုင်ငံတော် အကျိုးအတွက် ကဏ္ဍအလိုက် ဥပဒေ လုပ်ထုံးလုပ် နည်းမူဘောင် အတွင်းမှ အကျိုးမကြည့်ဘဲ စေတနာရှေ့ထား၍ မှန်ကန် မြန်ဆန် စွာဖြင့် ပြည်သူ့တို့၏ လိုအပ်ချက်များကို အကျိုးဆောင်ပေးရန်လိုကြောင်း၊ ၎င်းသည် ပင် ပြည်သူများထည့် ဝင်ထားသည့်အခွန်အခမှတဆင့်  လစာအဖြစ်ရယူနေ ရသော ဝန်ထမ်းများအနေဖြင့် ပြည်သူကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်ကြောင်း၊ ကော့သောင်းဒေသသည် လုပ်လျှင် လုပ်သလောက် ဖွံဖြိုးတိုးတက်နိုင်ပြီး ဖွံဖြိုးမှု မြန်ဆန်သောဒေသဖြစ်၍ ကောင်းမွန် သောဒေသ၏ အရင်းအမြစ်များကို အကျိုးရှိ စွာအသုံးချပြီး စုပေါင်းစွမ်းအားဖြင့် ကြိုးစားဆောင်ရွက်ပါက အောင်မြင်တိုးတက်မှု မလွဲမသွေရရှိမည်ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ တပ်နယ်ရိပ်သာဧည့်ခန်းမ၌ ကော့သောင်းမြို့ရှိ မြို့မိမြို့ဖများအားတွေ့ဆုံ၍ စီးပွားရေးလုပ်ငန်း များဆောင်ရွက် ရာ တွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဥပဒေဘောင်အတွင်းမှ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ် သည့်အခြေအနေများ၊ လုပ်ငန်းလုပ်ကိုင်ရာတွင်မှန်ကန်စွာ လုပ်ကိုင်၍ သတ်မှတ်အခွန် ငွေမှန်ကန်စွာပေးရန်လိုအပ်သည့်အခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန် များကို ကုန်ကြမ်းအစားတန်ဖိုးမြင့်ထုတ်ကုန်အဆင့်အထိ ထုတ်လုပ်ရောင်းချရန် လိုအပ်သည့် အခြေအနေများ၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် စုပေါင်းစနစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများပြန်လည်ဦးမော့လာ စေရေး လေဆိပ်နှင့်ဆိပ်ကမ်းများအား အမြင်တင့်တယ်ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရမည့်အခြေအနေများအား ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ ဇာဒက်ကြီးကျွန်း ဆလုံကျွန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာဘိုးဘွားရိပ်သာ၌ ဒေသခံဆလုံ လူမျိုးအဘိုးအဘွားများနှင့် ဆလုံမိသားစုဝင်များအား တွေ့ဆုံကာ နှုတ်ခွန်းဆက် စကားပြောကြားပြီး ဆလုံအဘိုးအဘွားများအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများ၊ ဆလုံမိသားစုဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာ များပေးအပ်ရာ ဆလုံလူမျိုးအဘွားတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် ဆလုံလူမျိုးရိုးရာ အထိမ်းအမှတ်ပစ္စည်းအား တာဝန်ရှိသူတစ်ဦးက ပြန်လည်ပေးအပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လက်ခံရယူပြီး ဆလုံအဘိုးအဘွားများနှင့် ဆလုံလူမျိုးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဇာဒက်ကြီးကျွန်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မိကသာရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။