ရက်စွဲ။ ၂၁-၁၁-၂၀၂၁
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် ခဲ့သည့် NLD ပါတီဝင်၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ဗိဿနိုးနယ်မြေ PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင်အား နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ နောင်ဘိုကျေးရွာအနီး နောင်ဘိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။
































































































