နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြိတ်တပ်နယ်၊ ပလောက်တပ်နယ်နှင့် ဟိန်းဇဲ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ မေ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် မြိတ်တပ်နယ်၊ ပလောက် တပ်နယ်နှင့် ဟိန်းဇဲတပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ သင်တန်းသား စစ်သည်များအား သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် တပ်မတော်၏ အသက်ခန္ဓာသည် စစ်စည်းကမ်းဖြစ်သည့်အပြင် လုံခြုံရေးအသိ အမြဲရှိရန်လိုအပ်သဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ ကျိုးပေါက်မှုမရှိစေရန် လိုကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် အခန်းကဏ္ဍ တွင် ပါဝင်ဆောင်ရွက်နေရသဖြင့် အဆင့်အတန်းအားလုံးသည် မိမိ၏တာဝန်၊ ဝတ္တရား များကို သိရှိကြပြီး ကိုယ်စီလုပ်ငန်း တာဝန်များအပေါ် အလေးအနက်ထားကျေပွန် အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အသိမှန်မှ အလုပ်မှန်ပြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ယုံကြည်မှုဖြင့် ပိုင်နိုင်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်မှာ လေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊ လေ့ကျင့်မှုပိုင်နိုင်မှသာ ယုံကြည်မှုရပြီး ကျွမ်းကျင်မှုရှိ၍ ကျွမ်းကျင်မှုမှတဆင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေ သည့် စစ်မှုသိပ္ပံနည်းပညာများအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီ တပ်မတော်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုပြည့်ဝ ပါက လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကောင်းမွန်သောစီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေးစနစ်လိုအပ်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်အတွက် မှန်ကန်သည့် အမိန့်၊ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တိမ်းစောင်းမှုမရှိ၊ မှန်ကန်မျှတစွာ စီမံအုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည့်ဝသော လေ့ကျင့်မှုကို ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် ပေါင်းစပ်နိုင်ပါက ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန် မဖြစ်မနေ လိုအပ်မှုအနေဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ တပ်မတော် တစ်ရပ်လုံးအတွက် သက်သာချောင်ချိရေးကို အဓိကအထောက်အကူပြုနိုင်သော စိုက်ပျိုးရေးဆိုင်ရာ မူဝါဒ၊ မွေးမြူရေးဆိုင်ရာ မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုဆောင်ရွက်စေမှုကြောင့် ယခုအခါ အသားငါး၊ ကြက်ဥမှ စ၍ ဟင်းသီး၊ ဟင်းရွက်များအထိ စစ်သည်၊ မိသားစုများသာမက သက်ဆိုင်ရာ ဒေသများအထိ စားသောက်ရေးအပေါ် ထိရောက်သော အထောက်အကူ ဖြစ်စေခဲ့ ကြောင်း၊ အလားတူ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် နိုင်ငံတော်နှင့်တပ်မတော်မှ ခွင့်ပြုထားသော ရပိုင်ခွင့်များကို သတ်မှတ်ထားသော မူဘောင်အတွင်းမှ ကောင်းစွာစီမံခန့်ခွဲပေးခြင်းဖြင့် သက်သာချောင်ချိရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မှန်ကန်သောအုပ်ချုပ်မှုစနစ်မှ ကောင်းမွန်သော သက်သာ ချောင်ချိမှုကိုဖြစ်စေပြီး ၎င်းမှအောင်မြင်မှု၏ အရေးကြီးဆုံးဖြစ်သည့် စိတ်ဓာတ်ခိုင်မာ ကောင်းမွန်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ချောမွေ့စွာဖြင့် ရေရှည် အောင်မြင်မှုရရှိရန်မှာ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ် တို့သည် အားလုံးမရှိမဖြစ်လိုအပ်သော ဆက်နွယ်မှုဖြစ်၍ အလေးထားရန်လိုကြောင်း၊ အဆိုပါအချက် ၄ ချက်ကို ဟန်ချက်ညီဆောင်ရွက်နိုင်ခြင်းဖြင့် တပ်တွင်းစည်းလုံး ညီညွတ်မှုကို အလိုလိုခိုင်မာအောင် တည်ဆောက်ပြီးသားဖြစ်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား တာဝန်ယူ ထိန်းသိမ်းခဲ့ သည့် ၁ နှစ်နှင့် ၃ လ ကာလအတွင်း အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်ဖြင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းမျိူးစုံက နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလာခဲ့ကြောင်း၊ တည်ငြိမ်မှုကို လိုလားသည့် ပြည်သူလူထု၊ သစ္စာရှိ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များက ညီညွတ်သော အင်အားကြောင့် ၎င်းတို့၏ ရည်မှန်းချက် ပျက်ပြားသွားချိန်တွင် အင်အားခိုင်မာတောင့်တင်းသည့် တပ်မတော်ကို ဖြိုခွဲရန်ဆက်တိုက်ကြိုးပမ်းလာ ကြောင်း၊ သို့သော် တပ်မတော်၏ ရေပတ်မဝင်သော စည်းလုံးညီညွတ်မှုကြောင့် ခိုင်မာသောအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း၊ လွတ်လပ်၍ တရားမျှတ သော အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်း ရေးသည်မရှိမဖြစ် လိုအပ်သဖြင့် နိုင်ငံတော်အကြီးအကဲက လက်ခံတွေ့ဆုံရန်လည်း ဖိတ်ခေါ် ထားကြောင်း၊ ဆက်လက်ပြီး လေ့ကျင့်ရေးသင်တန်းများနှင့် ပတ်သက်၍ သင်တန်း ကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသားများ အနေဖြင့်လည်း သင်ကြား ပေးသည့် သင်ခန်းစာများကို အမှန်တကယ်တက်မြောက်၍ လက်တွေ့အသုံးချနိုင် သည်အထိ လေ့လာသင်ယူသွားရန်လိုကြောင်း၊ အလားတူ နည်းပြများအနေဖြင့်လည်း သင်တန်းသားများ၏ ယုံကြည်ကိုးစားမှုခံရသည့် သင်ကြားမှုအရည်အချင်းစွမ်းရည်နှင့် ပြည့်စုံရမည့်အပြင် ဟန်ပန်အမူအရာလည်း လေးစားဖွယ်ရာရှိနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်ဆင်ရေး တာဝန်ဖြစ်စေ၊ လုံခြုံရေးတာဝန်ဖြစ်စေ၊ နိုင်ငံ့အရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပေးအပ်သည့် လုပ်ငန်းတာဝန်နှင့် မိသားစု တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အရေးကြီးဆုံးဖြစ် ကြောင်း၊ သို့ဖြစ်၍ တပ်မတော်မှ ချမှတ်ထားသည့် ကြံ့ခိုင်ရေးဆိုင်ရာမူဝါဒနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေး သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ပလောက် တပ်နယ် နယ်မြေခံသင်တန်းကျောင်းရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ဥစားကြက်၊ အသားတိုး ကြက်၊ DYLဝက်နှင့် နို့စားနွားမွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။