နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
(၁၄) ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲမဟာမင်္ဂလာအခမ်း အနားကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး သို့တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၁၀
(၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။




























































































































