(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း လိုက်လံပို့ဆောင်နှုတ်ဆက်အားပေး
ရန်ကုန်၊ မေလ (၁၀) ရက်။
၂၀၂၂ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်သည်။
ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲစတင်သည်မှ ပြိုင်ပွဲပြီးဆုံးသည်အထိ စိတ်ဓါတ်မြင့် မားစွာဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအား နည်းပြအုပ်ချုပ်သူများ၏ ကွပ်ကဲမှုအောက်တွင် စည်းလုံးညီညွတ်စွာဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးအသိရှိရန်တို့ကို မှာကြားပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအား နိုင်ငံ့ဂုဏ် ဆောင်၍ နိုင်ငံတော်အလံကို လွှင့်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားကြပြီး နိုင်ငံကြီးသားပီသစွာ စည်းကမ်းတကျ သွားလာနေထိုင်ရန် ရင်းရင်းနှီးနှီးနှုတ်ဆက် အမှာ စကားပြောကြားသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့သည် စင်းလုံးငှားလေယာဉ်ဖြင့် မေလ(၄)ရက်နေ့တွင် ပထမအသုတ်သွားရောက်ခဲ့ပြီး ယနေ့နံနက် ပိုင်းတွင် ဒုတိယအသုတ်အနေဖြင့် အားကစားအုပ်ချုပ်မှုအဖွဲ့ဝင် (၃၅)ဦး၊ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားဘော်လီဘောအသင်း (၁၆)ဦး၊ မြန်မာ့လက်ရွေး စင် ဝူရှူးအသင်းမှ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၇)ဦး ၊ E-Sports မှ အမျိုးသားအားကစား သမား(၁)ဦး၊ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးတို့ သွားရောက် မည်ဖြစ်သည်။ ထို့ပြင် မေ ၁၁ ရက် တွင် တတိယအသုတ်၊ မေ ၁၃ ရက်တွင် စတုတ္ထအသုတ်၊ မေ ၁၆ ရက်တွင် ပဉ္စမအသုတ်နှင့် မေ ၂၀ ရက်တွင် ဆဌမအသုတ်တို့သည်လည်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ တိုက်ရိုက်ခရီးစဉ်သွားရောက်ကြမည် ဖြစ်ကြောင်းသတင်းရရှိသည်။