မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၁ ဦးသေဆုံး

Tuesday, May 10, 2022 - 13:15

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၁ ဦးသေဆုံး

နေပြည်တော်၊ မေ ၁၀

              မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

              ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေထွက်ကျေးရွာမှ လက်ပံပြန့်ကျေးရွာသို့သွားသည့်လမ်း ရေကျော်အနီး၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ပေါက်ကွဲမှု ကြောင့် ဝဲ/ယာလက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ ယာဒူးပြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)အား တွေ့ရှိရပြီး ၎င်းအနီးမှ SHAYAN အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ အမျိုးသားဝတ်အဝတ်အစားများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

              အထက်ပါဖြစ်စဉ်မှ သေဆုံးသူအား ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။