စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်မျိုးဆက်သစ်လူငယ် များအတွက် စာပေသင်ကြားပေးလျက်ရှိသည့် စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများ ဖျက်ဆီး နေပြည်တော်၊ မေ ၁၂

Thursday, May 12, 2022 - 16:15

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်မျိုးဆက်သစ်လူငယ် များအတွက် စာပေသင်ကြားပေးလျက်ရှိသည့် စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများ ဖျက်ဆီး

နေပြည်တော်၊ မေ ၁၂

            မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR)လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင် ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်း များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများ အား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ/ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရ သည်။

            ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ၁၁ ရက်နေ့ ည ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာရှိ တုန်းပေါအခြေခံပညာအလယ်တန်းကျောင်းသို့ PDF အကြမ်း ဖက်သမား ၃ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ ၂ ထပ် စာသင်ကျောင်း ဆောင်ရှိ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် စာသင်ခန်းတစ်ခန်းအတွင်းမှ ပစ္စည်းများအား ဖျက်ဆီး ခဲ့သဖြင့် ဓာတ်ဗူး ၁ လုံး၊ မိတ္တူစက် ၁ လုံး၊ ပြတင်းတံခါးမှန် ၂ ချပ်တို့ပျက်စီးခဲ့ပြီး ဗီရို ၄ လုံး၏ သော့များကို ဖျက်ဆီးဖွင့်လှစ်၍ အတွင်းရှိ စာရွက်စာတမ်းများအား ဖြန့်ကျဲဆုတ်ဖြဲဖျက်ဆီးသွား ကြောင်း သိရသည်။

            ထိုကဲ့သို့ စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများ နှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။