တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်၍ ပြန်လာသူများအား လှိုင်းဘွဲ့မြို့နယ်အတွင်း ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင်-၂၉
အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူ လူထုသွားလာလှုပ်ရှားလျက်ရှိသည့်နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက် ခြင်းနှင့် ဆရာ၊ ဆရာမများအား နှောက်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာထောက် ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။