“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော် အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများ ရေးထိုးပူဇော်ထား သည့် ကျောက်စာချပ်များကိုလည်း စိုက်ထူပူဇော်သွားမည်ဖြစ်
နေပြည်တော်၊ ဒီဇင်ဘာ - ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာ တော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိပါသည်။



