ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နေပြည်တော် မတ် ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ကမ္ဘောဒီး ယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်း နှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။









