လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်လျက် ငွေကြေးလိမ်လည်တောင်းခံရာ တွင်ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ - ၂၆
လုံခြုံရေးတပ်ဖွဲ့ဝင်များ အဖြစ် အယောင်ဆောင်လျက် ငွေကြေးတောင်ခံ၍ အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှား ဖြစ်အောင် ဆောင်ရွက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (စ)ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ x ၆၈ လမ်းကြားတွင် KKY စတီးလ်လုပ်ငန်း လုပ်ကိုင်သူ မျိုးညွန့်(ခ) ကရင်လေးသည် PDF အဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့မှုများရှိနေ ကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နေအိမ်သို့ သွားရောက်ခေါ်ယူထိန်းသိမ်းကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီး PDF အဖွဲ့ဝင်များနှင့် ပတ်သက်မှုမရှိကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ပြန်လည်စေလွှတ်ပေးခဲ့သည်။







