နေပြည်တော်၊ ဇွန် ၂၈
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇွန် ၂၈
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
နေပြည်တော် ဇွန် - ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Siberian ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူး ချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ ရောက်ရှိ၊ Novosibirsk State Academic Opera and Ballet Theatre ၊ Higher Military Command School နှင့် Russian Academy of Science (Siberian Branch) များသို့ သွားရောက်လေ့လာ
နေပြည်တော် ဇွန် - ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan၊ Kazan လေဆိပ်မှ Novosibirskမြို့သို့ ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
လားရှိုးမြို့ရှိ COVID-19 ကုသရေးစင်တာ(၁) ပြင်ဆင်နေမှုအား ကြည့်ရှု၊ အလှူငွေများ ပေးအပ် လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၂၇
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ငဖဲ မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဦးမောင်မောင်လွင်(ခ)ကိုပေါက် (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်း မရှိ သည့်နေအိမ်၌ လက်လုပ်ဗုံးများပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်အတွင်းမှ လက်လုပ်မိုင်း ၂၁ လုံး၊ လက်လုပ်ကျည်ဆံ ၁၃ တောင့်၊ အရှည် ၁၅၀ ပေခန့်ရှိ ယမ်းကြိုးခွေ ၁ ခွေ၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြား ချက်အရ Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်း အနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ဇွန် ၂၅ ရက်တွင် Republic of the Tatarstan ၊ Kazan မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းကောလိပ်၌ COVID – 19 ရောဂါပိုး တွေ့ရှိလူနာများ ထားရှိနိုင်ရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၆
ပါရမီပျိုးခင်းသွေးလှူအသင်းမှ မန္တလေးနန်းမြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက် သွေးလှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၆
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၌ ပြသရန် အခက်အခဲရှိသည့် ရပ်နီး/ ရပ်ဝေးမှ ကျန်းမာရေးချို့တဲ့သည့် ပြည်သူများအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်ထားရှိသည့် ယာယီအရေးပေါ်ကုသရေးဆေးရုံနှင့် ကွပ်ကဲမှုအောက် တပ်နယ်များရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးလျက်ရှိသည်။