Tuesday, May 24, 2022 - 15:45
အောင်မြေသာစံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော်၊ မေ - ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၆)အခြေခံ ပညာမူလတန်းကျောင်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ က ကျောင်းဝန်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။