နေပြည်တော်၊ ဒီဇင်ဘာ - ၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၁၄၀ ဦး၊ စုစုပေါင်း ၂၅၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၇၇ ဦး၊ အမျိုးသမီး ၂၁၈ ဦး၊ စုစုပေါင်း ၄၉၅ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။



























