လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ မေ - ၂၄

Tuesday, May 24, 2022 - 15:45

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၄

          မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ ယနေ့နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်မှ ၁၂ နာရီ ၁၅ မိနစ်ခန့်ထိ  လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် အဆိုပါကျေးရွာရှိ နေအိမ် ၈၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းတို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

          အဆိုပါပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာ၌  အရှေ့တောင်တိုင်းစစ်ဌာန ချုပ်၊ သထုံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ က လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေး သင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။