news

 

နေပြည်တော်၊ ဒီဇင်ဘာလ

                 နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့/ညမပျက် ဆောင်ရွက် လျက်ရှိရာ တာဝန်သိပြည်သူ ၁ ဦး၏ သတင်းပေးပို့ချက်အရ  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းအရှေ့ရပ်ကွက်၌ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်လျက်ရှိသူ ၁ ဦး ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၃၈ x ၉၀ လမ်း၊ သပြုရပ်စိန်ပန်းအရှေ့ တုန်တုန်စတိုးဆိုင် အနီး၌ ခင်မောင်ထွေး (၃၉)နှစ်၊ ဒေးဝင်းအရှေ့ရပ်နေသူအား ၉-မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

နေပြည်တော်၊ ဒီဇင်ဘာ -  ၉

          စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(တောင်)ကျေးရွာနေ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှစတင်ကာ မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်း ဆောင်သူ ဒေါ်အေးအေးပြုံး အပါအဝင် မိသားစုဝင် ၃ ဦးအား ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့များက  ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၉

          အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေး အမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့တွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြု လုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။

 

နေပြည်တော်၊ ဒီဇင်ဘာလ

                 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန် ရပ်ကွက်၊ ၃၀×၆၃ လမ်းထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ခိုင်ဇင်ဇူး(၂၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ Silence Strike Campaign ပြုလုပ်ရန် လှုံဆော်ရေးသားထားသည့် လက်ကမ်း စာစောင်များနှင့် ပိတ်စ ၁ ခုတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့် ချမ်းအေး သာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ရေနီမြောင်းလမ်းသွယ်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ်မိုင်းမျိုးစုံ ၁၀၀ လုံး၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ ၃၀ ခု၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ခွပ်ဒေါင်းပုံပါ ဗကသ အလံ ၁ ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။