COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့၏အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine ရောက်ရှိ
နေပြည်တော်၊ မတ် ၃၀
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် အတွက် COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine သည် ယနေ့နေ့လယ် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရှိရသည်။






































