news

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီးမြထွန်းဦး၊  ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

မြန်အောင်မြို့နယ်နှင့် ဂွမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

            အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများ ကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

          CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် အလုံးစုံ ပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူ့များအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူ့နှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံများအား မီးရှို့ဖျက်ဆီး ခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့်အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန် လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည်  ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၌ သူနာပြုဆရာမ ၁ ဦးနှင့် ၎င်း၏ ခင်ပွန်းတို့အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၃ လမ်း၊ ၅၆(A)လမ်းနှင့် ၅၆(B)လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင် ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပြည်သူ ၁ ဦးအား လည်းကောင်း၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်း၌ သံဃာတော်များ အာရုံဆွမ်းခံကြွနေစဉ် ကပ္ပိယကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်သူအား လည်း ကောင်း သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြု ဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ-၁၂

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ကိုယ်ကျိုးအတ္တကိုအခြေခံ၍ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေသူ ကိုအာကာဖြိုး(၃၀)နှစ်နှင့် ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း(၂၉) တို့ ၂ ဦးသည် နေအိမ်မှ City Hospital ဆေးရုံသို့ သွားရောက်စဉ် ၆၂လမ်း၊ ၁၀၄x ၁၀၅ လမ်းကြားသို့အရောက်၌ ဆိုင်ကယ်မောင်းနှင် လိုက်ပါလာသည့် လက်နက်ကိုင် အကြမ်းဖက်သမား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် ၃ ချက် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။ လက်နက်ကိုင် အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်းနှင့် ခင်ပွန်းဖြစ်သူတို့ သည် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းနေရာမှ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် USA 9 mm LUGER ကျည်ခွံ ၂ ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း သည် CDM တွင် ပါဝင်ခြင်းမရှိသည့်အတွက် မေ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဆောင်အခမ်းအနားသို့ အကြမ်းဖက်သမားများက လက်ဖွဲ့ဘူးအတွင်း လက်လုပ်မိုင်း ၁ လုံး ထည့်သွင်းပေးပို့၍ အကြမ်းဖက်သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းပေါက်ကွဲဖြစ်စဉ်တွင် ဒေါ်ချမ်းမြငြိမ်းမှာ သေဆုံး/ဒဏ်ရာရခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့ ထပ်မံ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများကိုသာ ပစ်မှတ်ထားတိုက် ခိုက်ခြင်းမဟုတ်ဘဲ အခြားအုပ်ချုပ်ရေးအဖွဲ့အစည်းဝင်ဖြစ်သည့် ရပ်ကွက်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကိုပါ ပစ်မှတ်ထားသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ  ပြည်ကြီးတံခွန် မြို့နယ်၊ (ဇ)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးငြိမ်းဟန် (၄၁) နှစ်သည် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ၁၃၃ လမ်း၊ ၅၆(A) x ၅၆ (ဘီ) လမ်းရှိ ရှမ်းခေါက်ဆိုင်တွင် ခေါက်ဆွဲစားသောက်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား ၂ ဦးက ပစ္စတို သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ဦးစိုးငြိမ်းဟန်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ သည်။ ထို့ပြင် ဆိုင်အတွင်းရှိ တစ်ရပ်ကွက် တည်းနေသူ မောင်ဖုန်းနေခန့် အသက် (၁၈)နှစ် တွင်လည်း လက်ဝဲဘက်ခါးစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့သည့်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ခဲ့ ကြောင်းနှင့် ဖြစ်စဉ်နေရာမှ NRC 9 mm LUGER ကျည်ခွံ ၂ ခုအား တွေ့ရှိသိမ်းဆည်းရရှိ ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၄)နယ်တို့၌ ဒေသခံပြည်သူ ၄၁၃၀ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၂)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၀၅၀ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၂၃၇၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၂၅၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ဒေသခံပြည်သူ ၁၃၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၄၇၀၄ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၀၇၀ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုမှ ဒေသခံပြည်သူ ၈၉၀၀ ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ သံဃာတော် ၈ ပါးနှင့် ဒေသခံ ပြည်သူ ၂၈၃၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ သည်။

          ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ‌ကျောင်းသူ ၁၃၁၁ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်မြို့နယ်ရှိ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်း တစ်ကျောင်းအား အဖျက်အမှောင့် ဆောင်ရွက်ရန်အတွက် အကြမ်းဖက်သူအမျိုးသား ၂ ဦးက မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

              အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက် ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုးမြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။

              ထိုသို့စေခိုင်းလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက် နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များ ပညာ သင်ကြားလျက်ရှိစဉ် အဖျက်အမှောင့်ဆောင်ရွက်ရန်အတွက် ကျောင်းရှေ့ခြံစည်းရိုးအုတ်တံတိုင်း အနီး၌ ခင်တန်းရှည်ကျေးရွာနေ ဝေဖြိုးဦး (၁၇)နှစ် () ဦးမျိုးသက် နှင့် ကူးကားကျေးရွာနေ အောင်ဆန်းငြိမ်း(၁၆)နှစ် () ဦးရဲမြင့် တို့ ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီးမှ လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

              ထိုသို့ စာသင်ကျောင်းအား ဖောက်ခွဲတိုက်ခိုက်ရန်အတွက် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေဖြိုးဦးနှင့် အောင်ဆန်းငြိမ်းတို့ ဦးအား ဆေးဝါး ကုသမှုခံယူနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိ သည်။