တပ်မတော်သားများက ဒေသခံပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ အား ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၆
ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ စားရေး အဆင်ပြေ စေရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သား များက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပြည်သူများ၏လက်ဝယ်အရောက် လိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။