ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ
၁-၄-၂၀၂၂ ရက်တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ် ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင် ပါရှိသည့် အချက်များသည်လည်း ခိုင်လုံမှုမရှိခြင်းတို့ကြောင့် လက်ခံနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။






























