KNDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဝါဒဖြန့်မှု လုပ်ငန်းများဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် - ၁

Wednesday, June 1, 2022 - 17:45

KNDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဝါဒဖြန့်မှု လုပ်ငန်းများဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁

          ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မေ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဒီးမော့ဆိုမှ လွိုင်ကော်မြို့ ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူ တစ်ဦးဖြစ်သည့်  ဖေမောင်စိမ်း(ဘ)ဦးဖေသိန်း အား ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိသူ ဖေမောင်စိမ်းအနေဖြင့် ယခင်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ရန်ကင်းမြို့နယ်ရှိ  Film School သင်တန်းကျောင်းသို့ တက်ရောက်အောင်မြင်ခဲ့ပြီး Video Clip  ဖန်တီးခြင်း၊ မှတ်တမ်းတိုရုပ်ရှင်ရိုက်ကူးရေးနှင့် ဓာတ်ပုံတည်းဖြတ်နည်း ပညာရပ်များ တတ်မြောက်သဖြင့် KNDF အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်း ဖက်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတို့အဖွဲ့အတွက် ပြည်ပမှ အလှူငွေများရရှိရန် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဍာန် ဖော်ဆောင် ဝါဒဖြန့်ဆောင်ရွက်နိုင်ရေး ယခင်က သိကျွမ်းဖူးခဲ့သည့် KNDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ တေဇာဝင်းထွဋ် က ဖေမောင်စိမ်း အား ဆက်သွယ်ကာ တစ်လလျှင် ငွေကျပ် ၅ သိန်းဖြင့်  ခေါ်ယူငှားရမ်းခဲ့သဖြင့် ဧပြီလတွင် ဒီးမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာ သို့ ရောက်ရှိခဲ့ကြောင်း။

ဆက်လက်၍ စစ်ဆေးမေးမြန်းချက်များအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် မတ်လနှင့် ဧပြီလ များအတွင်း  အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter - terrorism Action) လုပ်ဆောင်ခဲ့ရာ ကယားပြည်နယ်အတွင်းရှိ KNDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အခြေပြုရာ နေရာများမှ အထိနာ၍ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရကာ  လက်နက်၊ ခဲယမ်း အမြောက်အများဆုံးရှုံး၍ ထိခိုက်ကျဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက်မှု လုပ်ဆောင်ရန် အစီအမံများ ပျက်ပြားနေခဲ့သည့် အတွက်  ပြန်လည်ဖုံးကွယ်နိုင်ရန် ဖေမောင်စိမ်း အား KNDF အကြမ်းဖက်အဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဍာန်အတုများ၊ ၎င်းတို့၏ လူ/လက်နက်၊ ခဲယမ်းများ အင်အားတောင့်တင်းသည့် ပုံသဏ္ဍာန် အတုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်သည့် ပုံသဏ္ဍာန်အတုများကို ပြင်ဆင်၍ ရိုက်ကူးရေးများ ပြုလုပ်စေပြီး ဓာတ်ပုံနှင့် ဗီဒီယိုများကို United Kingdon (UK)တွင် နေထိုင်သည့် NUG အကြမ်းဖက် အဖွဲ့နှင့် အဆက်အသွယ်ရှိသော George(ခ)ဗညား ထံသို့ ပေးပို့၍ ၎င်းမှတဆင့် ဝါဒဖြန့်ခြင်း၊ ခေတ်သစ်နှင့် ဧရာဝတီသတင်းဌာနများသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း KNDF အကြမ်းဖက်အဖွဲ့ အနေဖြင့် ဖေမောင်စိမ်း အား မူလသဘောတူညီထားသည့် အခကြေးငွေအား မပေးဆောင်သည့်အပြင် စားသောက်နေထိုင်ရေး ခက်ခဲလာခြင်း၊ ပြေးလွှားပုန်းအောင်း နေရခြင်း၊ ၎င်း၏ အသက်အတွက် လုံခြုံရေးအာမခံချက်ပါ မရရှိတော့ကြောင်း ရိပ်စားမိလာသည့်အတွက် ထွက်ပြေးရန် ကြိုးစားခဲ့ရာမှလမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ဖေမောင်စိမ်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ လှည်းတန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ် တို့၌ပြုလုပ်သည့် ဆူပူ အကြမ်းဖက် ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖမ်းဆီးရမိ တရားခံ ဖေမောင်စိမ်းအား  လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။