news

မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

 နေပြည်တော် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်ရှိ၊ အဆိုပါရုံး နေရာများ၌ သီးခြားစီကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဖောင်းပြင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများအား အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်း ၂ ခုအား ယနေ့နံနက် ၃ နာရီ ခွဲခန့်တွင် အကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်စီက  သာလွန် အင်အားအသုံးပြု၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် တစ်ပြိုင်တည်း လာရောက်ပစ်ခတ် တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု များ ထပ်မံကျူးလွန် 

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

            ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ()မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေမှုကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် ဒေသအခေါ် ဂေါ်ရခါးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းအပြင် ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိ လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အားဖြည့်တင်းနိုင်ရေး လုပ်ဆောင်လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ ပိုင်းဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် စီးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ ဇန်နဝါရီ ၂၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၅၈ ဦး၊ စုစုပေါင်း ၁၅၁ ဦးနှင့် ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင်  ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၃ ဦး၊ အမျိုးသမီး ၅၈ ဦး၊ စုစုပေါင်း ၁၉၁ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြ သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

 နေပြည်တော် ဇန်နဝါရီ ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန က ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှု အားပေးသည်။