Thursday, June 2, 2022 - 17:15
လေဒဏ်မိုးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ငပုတောမြို့နယ်၊ သဲဖြူကျေးရွာနှင့် ကနစိုးကျေးရွာချင်းဆက် သစ်သားတံတားအား ပြန်လည်ပြုပြင်
နေပြည်တော်၊ ဇွန် - ၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ကနစိုးကျေးရွာသို့ ဆက်သွယ်ထားသည့် အလျား ၅၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ကျေးရွာချင်းဆက်သစ်သားတံတားသည် ဇွန် ၁ ရက်တွင် လေဒဏ်မိုးဒဏ်များကြောင့် ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ ပြိုကျပျက်စီးခဲ့သည့် တံတားအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြန်လည်ပြုပြင်ဆောက်လုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။