အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ တစ်နိုင်ငံလုံး ၉၃ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်
နေပြည်တော် ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများနှင့် ကိုယ်ပိုင်းကျောင်းများ၌ အသီးသီးစတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့ တွင်လည်း ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်း စာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။
ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆၃၁၈၃၈)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ တစ်နိုင်ငံလုံး ကျောင်းတက်ရာခိုင်နှုန်း အနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း အခြေခံပညာ ဦးစီဌာနမှ သိရှိရသည်။
အခြေခံပညာမူလတန်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၂ သန်းဖြစ်ပြီး တက်ရောက်သူ ၃ ဒသမ ၉ သန်း၊ အခြေခံပညာအလယ်တန်းတွင် ကျောင်းအပ်နှံထားသူ ၁ ဒသမ ၃ သန်းဖြစ်ပြီး တက်ရောက်သူ ၁ ဒသမ ၂ သန်း၊ အခြေခံပညာအထက်တန်းတွင် ကျောင်းအပ်နှံထားသူ ၄ ဒသမ ၁ သန်းဖြစ်ပြီး တက် ရောက်သူ ၃ ဒသမ ၈ သန်း၊ စုစုပေါင်း ကျောင်းအပ်နှံသူ ၆ သန်းဖြစ်ပြီး တက်ရောက်သူ ၅ ဒသမ ၆ သန်းဖြစ်ရာ တက်ရောက်သူ ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များနှင့် Faceshield များ စနစ်တကျတပ်ဆင်စေပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးစေခြင်း တို့ကို ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအသီးသီးမှ တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင် ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထား ခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင် ရွက်ပေးကြသည်။
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ် အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင် ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။