ဘဝနတ်ထံပျံလွန်တော်မူသွားသည့် မိုင်းလင်းဆရာတော်ကြီး၏ အရိုးပြာအား တိုင်းနေသုဿာန်သို့ ပို့ဆောင်၍ လွမ်းစေတီတော်၌ ထည့်သွင်းကိုးကွယ်ပူဇော်
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော် ၆၁ နှစ်၊ ဝါတော် ၃၁ ဝါရှိ မဟာမင်္ဂလဓမ္မဇောတိကဓဇ အဂ္ဂမဟာဘရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမာလ ဆရာတော်ကြီး၏ အရိုးပြာအိုး အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပါလျံကျောင်းတိုက်မှ တိုင်းနေသုဿာန်သို့ ပို့ဆောင်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ပါလျံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မဝရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။