နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

Tuesday, May 31, 2022 - 17:15

နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ရသည်။

၎င်းအဖျက်လုပ်ရပ်နှင့် ပတ်သက်၍ ယနေ့တွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) နှင့် မြန်မာ နိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)တို့ကပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များကို အသီးသီး ထုတ်ပြန် ခဲ့ကြောင်းသတင်းရရှိသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)   သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်

၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၂၅ ရက်မှ စတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ ကျောင်းဝတ်စုံ၊ ဖတ် စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခြင်း တို့ကို အင်တိုက်အားတိုက် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

 ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိ ရပြီး အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့  သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်

၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

၁။      နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေး အတွက်လည်း အင်တိုက် အားတိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

၂။      နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏အနာဂတ် မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိစေရေး ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက် အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြောင်း သိရှိရပါသည်။

၃။      ဖြစ်စဉ်တွင် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး၊ လက်ထောက် မြို့နယ် ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သား ဝန်ထမ်း ၁ ဦးတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမ ကြီး တစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

၄။      ထိုကဲ့သို့ ပညာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်

၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းအဖျက်လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်း အရုံး(ဗဟို) အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)