news

                                            

နေပြည်တော်၊ ဧပြီ - ၉

 

          မိမိတို့နိုင်ငံ၌ တစ်ဦးချင်း အသိပညာ၊ အတတ်ပညာမြင့်မားမှသာလျင် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာမည်ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်နှင့် နိုင်ငံတော်၏အနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 

နေပြည်တော်၊ ဧပြီ ၉

            စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက ဧပြီလ ရက်နေ့ နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့မှ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  မော်တော်ယာဉ်တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။      

 

နေပြည်တော် ဧပြီ ၉

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃ ဦး ရှိကြောင်း သိရသည်။

 

နေပြည်တော်၊ ဧပြီ - ၉

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၈ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ်၊ ဒွာရစုကျေးရွာ၊ ပန်းတနော်မြို့ နယ်၊ မြေနုကျေးရွာ၊ သောင်ပင်သာကျေးရွာနှင့် သာပေါင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ များမှ နေအိမ်များ အမိုးလန်၊ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

နေပြည်တော်၊ ဧပြီ - ၉

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဧပြီ - ၉

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၁ ဦး၊ အမျိုးသမီး ၁၂၀ ဦး၊ စုစုပေါင်း ၃၆၁ ဦးတို့ကို လက်ခံခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဧပြီ - ၈

          လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နောင်တရားမြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)သို့ ရောက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ရှမ်းပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာ အခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်များတို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် - ၇

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား  ပြောကြားသည်။

တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရလည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ရပ်တည် လက်ခံ ကျင့်သုံးခဲ့ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်အပေါ် နိုင်ငံရေးအရ ဘက်စုံဖိအားပေးမှု အသွင်ဆောင်မှုများအပေါ် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းကျော်လွှားနေရကြောင်း၊ ထိုအောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည်ကို ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် စွမ်းရည်ရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲအသင့်ဖြစ်နေအောင် လိုအပ်သည်များ အမြဲတမ်းပြင်ဆင်နေကြရန်လိုကြောင်း၊ ကောင်းမွန်သော လေ့ကျင့်မှု၊ ကောင်းမွန်သော ပြင်ဆင်မှုဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ပူးပေါင်း၍ အခက်အခဲများကို ဆက်လက်ရင်ဆိုင်ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်မှပေးအပ်သော လစာနှင့်ရိက္ခာကို ရရှိခံစားနေခြင်းဖြစ်၍ သစ္စာအဓိဋ္ဌာန် (၄)ချက်ပါအတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာအပေါ် အလေးထား စောင့်ထိန်းရန်လိုကြောင်း၊ သစ္စာစောင့်သိမှုတွင် နှုတ်ဖြင့်သာ စောင့်သိရန်မဟုတ်ဘဲ လက်တွေ့အမှန် တာဝန်သိမှုဖြင့် စောင့်ထိန်းရန်လိုကြောင်း၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည်လည်း ကျေးဇူးတရားကို သိရှိခြင်းပင်ဖြစ်ကြောင်း၊  ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် နည်းမျိုးစုံသုံးကာ အစိုးရယန္တရား ရပ်တန့်စေရန် ကြိုးပမ်းခဲ့သော်လည်း ထင်တိုင်းမပေါက်သဖြင့် နိုင်ငံတော်၏ အခိုင်မာဆုံးအင်အားစုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် အစိုးရ အဆက်ဆက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း သွေးခွဲမှုမျိုးစုံ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် အထက်အောက် အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ၊ အေးအတူ ပူအမျှ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေး အထိ အရေးအရာများကို အလေးနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင် ကြမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီအနေအထားတို့အရ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာမှာ တပ်မတော်ကိုမဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာဖြစ်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကာ ပြည်သူလူထုနှင့် ဆက်ဆံရာတွင်လည်း ချမှတ်ပေးထားသည့် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာရန်လိုကြောင်း၊ တစ်ဖက်မှာလည်း နယ်မြေ အလိုက် ပြည်သူလူထု၏ လူမှုစီးပွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တတ်နိုင် သည့်ဘက်မှ ကူညီပံ့ပိုးပေးရန်လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးမှုများ၊ တစ်ကြိမ်ထက်ပိုသော မဲပေးမှုများစသော မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာကို အဓမ္မနည်းရယူရန် ကြိုးစားလာခဲ့သော ကြောင့် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတပြီး မှန်ကန်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်စာရင်း မှန်ကန်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ရခွင့်ရှိသူများအားလုံးကို ပြုလုပ်ပေးလျက်ရှိရာ နယ်မြေအလိုက် ပူးပေါင်းပါဝင်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ ပေးအပ်သည့်တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် စစ်သည်၊ မိသားစုအားလုံးသည် ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးသဖြင့် နိစ္စဓူဝကျန်းမာစေသော နေထိုင်စားသောက်မှုပုံစံများနှင့်အညီ ဆောင်ရန်/ရှောင်ရန် များကို လိုက်နာကြရန်လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေတစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး
 ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်
အခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၇

 

                        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင် ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားဆောင် ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဝမ်တာပုံ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မည့်နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့်တာဝန်ရှိသူများ က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပဏာမစူးစမ်းလေ့လာတိုင်းတာ ရရှိထားမှုနှင့် စီမံ ကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  မိမိတို့ပြည်တွင်းရှိ ရေအားလျှပ်စစ် အရင်း အမြစ်များမှ ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားများကို ဦးစား ပေး ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ မြစ်ချောင်းများ ပေါ်၌ ရေအားလျှပ်စစ် စက်ရုံစီမံကိန်းများ ဆောင်ရွက်ခြင်းအားဖြင့် မြစ်ကြီးများ၏ ရေစီး သန်မှုကို ထိန်းပေးနိုင်ခြင်း အပြင် မြစ်ရေကြီး ရေလျံမှုနှင့် နွေရာသီရေခန်းခြောက်မှုကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးနိုင်မှု အကျိုးကျေးဇူးရရှိလာမည် ဖြစ်သည့်အပြင် အချို့သော နေရာများ၌ ရေကြောင်းသွား လာရေး၊ ကုန်စည်ပို့ဆောင်ရေးများ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း။