news

 

နေပြည်တော်၊ အောက်တိုဘာ - ၁၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ်(၂)ပန္နက်တော်တင်မင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၁၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၂ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၅၇ ဦး၊ အမျိုးသမီး ၂၃၆ ဦး၊ စုစုပေါင်း ၄၉၃ ဦးတို့ကိုလည်း ကောင်း အသီးသီးလက်ခံခဲ့ကြသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၁၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း ()နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်)

            ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

      ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး အတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) ချုပ်ဆိုခဲ့တဲ့ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ယခင်က NCA ချုပ် ဆိုခြင်း နှစ်ပတ်လည်အခမ်းအနားတွေကို နေပြည်တော်မှာ လူချင်းတွေ့ဆုံကာ ကျင်းပပြုလုပ်ခဲ့ပြီး (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက်  သဝဏ်လွှာပေးပို့ခြင်းနဲ့ Online မှ မိန့်ခွန်းပြောကြားခြင်းပဲ ပြုလုပ်ခဲ့ရပါတယ်။   ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်း အနားမှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး နိုင်ငံအကျိုး၊ ပြည်ထောင်စုအကျိုးနဲ့ ပြည်သူပြည်သား အားလုံး လိုလားတောင့်တနေကြသော ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေရန် အတွက် ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၆/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 

နေပြည်တော်၊ အောက်တိုဘာ - ၁၅

          အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG တို့သည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် NLD အစွန်းရောက် အများစုပါဝင်သော PDF အဖွဲ့များအနေဖြင့် ၎င်းတို့နှင့် နိုင်ငံရေးခံယူချက်အရ ကွဲပြားပြီး အေးချမ်းစွာ နေထိုင်လိုသည့် ကျေးရွာများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို အင်အားသုံး၍ ဝင်ရောက်စီး နင်းကာ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား လုယက်ခြင်းတို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် လုပ်ဆောင်လျက်ရှိသည်။

 

ရန်ကုန် အောက်တိုဘာ  ၁၅

       တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှ ဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ်ဆေး(၄) သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ (၈)သိန်း တင်ဆောင်လာသော Air China - 589 လေယာဉ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ စတုတ္ထအသုတ်အဖြစ်‌ ရောက်ရှိလာကြောင်းသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်

ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနက ပုဒ်မ ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သတ်၍ လက်ရှိလူမှုကွန်ယက်မီဒီယာများတွင် သတင်းများရေးသားဖော် ပြနေမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားထားပါသည်-