ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ် ဝန်ကြီးဟောင်းများ ဖြစ်ကြသည့် ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း ဦးမင်းအောင်နှင့် ဦးကျော်လွင် တို့အပေါ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် သြဂုတ်လ( ၁၂ )ရက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်း စစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။