အသိပေးကြေညာချက်

Friday, June 10, 2022 - 16:15

အသိပေးကြေညာချက်

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ နှင့် ၇၉ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၅၊ ၁၂၉ နှင့် ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်း    ဆိုင်ရာ ညွှန်ကြားချက်၊ အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုမှုနှင့်ထိရောက်သော ငွေပေးချေမှုများအားဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်း   ဆောင်ရွက်ရန် ဘဏ် (၁၈) ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်၊ မိုဘိုင်းငွေပေးချေမှု (Mobile Pay) ဆောင်ရွက်ရန် ဘဏ်(၈)ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း (၅) ခု ၊ Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း (၇) ခုနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ (၄) ခုကို ခွင့်ပြုထားပြီး‌ ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါသည်။

၂။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားသောဘဏ်၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ကုမ္ပဏီများ၏စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်‌သော www.cbm.gov.mm တွင် ဖော်ပြထားပါသည်။

၃။      ယခုအခါ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay /Mobile Wallet နှင့်ငွေပေး ချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် သုံးစွဲသူများအချင်းချင်းငွေလွှဲပြောင်းခြင်း၊ ကုန်စည်ဝယ်ယူခြင်းများဆောင်ရွက်နိုင်ကြောင်း Social Media Platform များတွင်ကြေညာ နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် Mobile Pay /Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအသုံးပြုခြင်း သည် စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင်မရှိသဖြင့် ပြည်သူများအနေဖြင့် ဆုံးရှံးမှုများစွာ ဖြစ်ပေါ်နိုင်ပါကြောင်းနှင့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  ခွင့်ပြုချက်မရရှိထားဘဲ  ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၁၀-၆-၂၀၂၂)